CNI News


၂၀‌၂၁ ခုနှစ်၊ ဇူလိုင် ၂၈


တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော တရုတ်နိုင်ငံ ရွှေလီနှင့်ကျယ်ဂေါင်ရှိ မြန်မာအလုပ်သမားများကို ၎င်းတို့ဘက်တွင် အလုပ် ရုံ၊ စက်ရုံများ ပိတ်ရက်ရှည်ပိတ်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံဘက်သို့ တရုတ်အစိုးရက ပြန်ခိုင်းနေကြောင်း စုံစမ်း သိရှိ ရသည်။ ရွှေလီနှင့်ဂျယ်ဂေါင်မြို့ထဲရှိ စက်ရုံအလုပ်ရုံများကို ရက်ရှည်ပိတ်မည် ဖြစ်သောကြောင့် လက်ထဲတွင် တရုတ်ယွမ်ငွေ ၂ သောင်း မရှိသည့် မြန်မာလုပ်သားများကို ယခုလို တရားဝင် ထွက်သွားခွင့်ပေးခြင်းဖြစ်ပြီး ပုံမှန်ဝင်ငွေ မရှိသူ၊ တရားဝင် အထောက် အထား မရှိသူများအနေဖြင့် နေရပ်ပြန်ရန် အထူးတိုက်တွန်းကြောင်း တရုတ်အာဏာပိုင်များက ဇူလိုင် ၂၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန် ထားသည်။