CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် - ၂၈
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ဇူလိုင်လ ၂၆ ရက် ည (၈) နာရီသတင်းတွင် ကြေညာခဲ့သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များ ပယ်ဖျက်လိုက်ခြင်းကြောင့် ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ပြည်သူများ အယုံအကြည်ပျက်သွားနိုင်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြော သည်။