CNI News
ဘေဂျင်၊ ဇူလိုင် ၂၇
Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးနောက် လူ့ကိုယ်တွင်း ခုခံအားစနစ် ပဋိပစ္စည်းထွက်ရှိမှု ၆ လ အကြာ အတန်ငယ် ကျဆင်းပြီးနောက် တတိယအကြိမ် ထပ်မံထိုးနှံလျှင် ပိုမိုအားကောင်းသော ခုခံအားစနစ်ဖြစ်လာကြောင်း တရုတ်သုတေသီများ၏ ဓါတ်ခွဲခန်းသုတေသန ပြုချက်တစ်ခုတွင် ပြောဆိုထားကြောင်း Channel News Asia က သတင်း ဖော်ပြသည်။ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း ကျန်းမာပြီး အရွယ်ရောက်သူများထံမှ သွေးနမူနာများကို စစ်ဆေးပြီးနောက် တရုတ် သုတေသီများက Sinovac ကာကွယ်ဆေး၏ အာနိသင်နှင့်ပတ်သက်၍ ဇူလိုင် ၂၅ ရက်က ဖြန့်ဝေသော သုတေသန စာတမ်း တစ်စောင်တွင် ပြောထားခြင်း ဖြစ်သည်။