CNI News
ဝါရှင်တန်၊ ဇူလိုင် ၂၇
အမေရိကန်သမ္မတ၏ ဆေးဘက်ဆိုင်ရာအကြံပေးအရာရှိနှင့် နိုင်ငံအဆင့် ထိပ်တန်းကူးစက်ရောဂါ ကျွမ်းကျင်သူက ယခု လတ်တလော အမေရိကန် ပြည်တွင်း၌ COVID-19 ကြောင့် သေဆုံးရသူအများစုသည် ကာကွယ်ဆေး မထိုးရသေးသူများထဲမှ ဖြစ်နိုင်ကြောင်း ပြောသည်။
အမေရိကန်အနေဖြင့် COVID-19 ဖြစ်ပွားမှု အရေအတွက် တိုးလာနေသလို လွဲမှားသည့်ဉီးတည်ချက်ကို ဆက်သွားနေကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေး မထိုးရသေးသည့် အမေရိကန်နိုင်ငံသားများကြားတွင် ဖြစ်ကြောင်း ဒေါက်တာ အန်တိုနီဖာစီက ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သည့် စီအင်န်အင်န်ရုပ်သံနှင့် အင်တာဗျူးတွင် ထောက်ပြခဲ့သည်။
“ရောဂါအတည်ပြု ဖြစ်ပွားသူအသစ်တွေကို ကြည့်လိုက်မယ်ဆိုရင် အဲဒီရောဂါ သည် အသစ်တွေက ကာကွယ်ဆေး မထိုးရ သေးသူတွေကြားထဲက ထွက်လာ တာဗျ။ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက ကာကွယ်ဆေး အပြည့်အဝ မထိုးရသေး ဘူး။ အဲဒါက ပြဿနာပါ” ဟု ဒေါက်တာဖာစီက စီအင်န်အင်န် သတင်းဌာနမှ ဂျိတ်တစ်ပါကို ထောက်ပြခဲ့သည်။