CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၇
တစ်ကျပ်ကစလို့ စေတနာရှိသလောက်ပေးပြီး ကြက်ဥ ၅ လုံးနဲ့ ဆန်တစ်ပြည် ရောင်းချ ပေးတဲ့ အစီအစဉ်ကို ဇူလိုင် ၂၇ ရက်က လှိုင်သာယာမြို့နယ် ၊ ဘီအိုစီ မှတ်တိုင်မှာ ပြုလုပ် ခဲ့ပါတယ်။
အိမ်ထောင်စု ၂၀၀ ကို ရောင်းချပေးခဲ့တာဖြစ်ပြီး၊ ဒီနေ့ ရောင်းရငွေကတော့ ၁၁၀၀၀ ကျပ် ရရှိခဲ့ပါတယ်။
ပြည်သူအားလုံး ခက်ခဲနေကြတဲ့အချိန်မှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီချင်တဲ့ အတွက် အခုလို ရောင်းချပေးခဲ့တာဖြစ်တယ်လို့ စန်းသော်တာစိန်ရွှေရတနာဆိုင်ရဲ့ မန်နေဂျာ ကိုဟိန်းထက်က ပြောပါတယ်။
အခုလို ရောင်းချပေးတဲ့ အစီအစဉ်ကို မနေ့က တောင်ဒဂုံမှာလဲ ပြုလုပ်ပေးခဲ့ပါသေးတယ်။
ဇူလိုင် ၂၅ ရက်နေ့နဲ့ ဇူလိုင် ၂၆ ရက်နေ့ နှစ်ရက်တာ ရောင်းချငွေကတော့ သုံးသောင်းရ ရှိခဲ့ကြောင်းသိရပါတယ်။ ရောင်းချလို့ရခဲ့တဲ့ငွေတွေကိုတော့ နွယ်အေးဗလီမှာ သွားရောက် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ကိုဟိန်းထက်က ပြောပါတယ်။
#ကိုဟိန်းထက်
#လှိုင်သာယာမြို့နယ်
#ကြက်ဉ
#ဆန်
#တစ်ကျပ်
#CNImyanmar
#cninews