CNI News
သင်ပူ (ဘူတန်)၊ ဇူလိုင် ၂၇
ဘူတန်နိုင်ငံတွင် ကာကွယ်ဆေးထိုးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အားလုံးကို ရက်သတ္တတစ်ပတ်အတွင်း Covid-19 ကာကွယ်ဆေး ဒုတိယ အကြိမ် အပြည့်အဝ ထိုးနှံပေးနိုင်ခဲ့သဖြင့် နိုင်ငံတကာလှူဒါန်းမှု အထမြောက် အောင်မြင်ခဲ့ခြင်းအတွက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ယူနီဆက်က ဇူလိုင် ၂၆ ရက်တွင် ချီးကျူးလိုက်ကြောင်း CNA သတင်းဌာနက ယနေ့နံနက်မှာ ရေးသားဖော်ပြသည်။
ဟိမဝန္တာဒေသရှိ အမျိုးသားဘုရင်စနစ်ဖြင့် အုပ်ချုပ်သော ဘူတန်နိုင်ငံတွင် လူဦးရေ ၅၃၀,၀၀၀ ရှိသည့်အနက် အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းကို နိုင်ငံ တကာ အထောက်အပံ့ ရရှိပြီးနောက် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေး နိုင်ခဲ့သည်။ ထိုးနှံပြီးသူ ၄၅၄,၀၀၀ ဦးရှိသွားသဖြင့် စုစုပေါင်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်း ကိုယ်ခံစွမ်းအား ရရှိ၍ ကူးစက်မှု ထိန်းချုပ်နိုင်သည့်အဆင့် ရောက် သွားခဲ့ပြီဟု ဆိုနိုင်ကြောင်း Channel News Asia သတင်းဌာနက ဆိုသည်။
ယူနက်ဆက်မှ ဘူတန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဝေလ်ပက်ခ် (Will Parks) က ယခုကဲ့သို့ ရည်မှန်းချက် ကြီးမားသော ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းကို ပီပြင်စွာ အကောင်အထည် ဖော်နိုင်ခြင်းအတွက် ဘူတန်နိုင်ငံ အတွက် ကြီးမားသည့် အောင်မြင်မှုပင်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။