CNI International News
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၁
ပါကစ္စတန်အစိုးရသည် ဥပဒေပြင်ပရှိ လက်ယာအစွန်းဝါဒီ တီဟရက်အီလက်ဘိတ်ပါကစ္စတန် (TLP) ပါတီနှင့် သဘောတူညီချက်တစ်ရပ် ရယူလိုက်ခြင်းဖြင့် ၁၀ ရက်ကြာ ပြင်းထန်ခဲ့သည့် ဆန္ဒပြမှုများကို အဆုံးသတ် ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
အဆိုပါသဘောတူညီချက်ထွက်ပေါ်ရေး ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကွာရက်ရှီနှင့် ဘာသာရေးခေါင်းဆောင် မူဖတီမူနီဘာရက်မန်းတို့ ပါဝင်ခဲ့ကြသော်လည်း သဘောတူညီချက် အသေးစိတ် အချက်အလက်များကို အစ္စလာမ္မာဘတ်မြို့တော်တွင် အောက်တိုဘာ ၃၁ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
Source: Aljazeera
#ပါကစ္စတန်
#TLP
#အစ္စလာမ္မာဘတ်မြို့တော်
#ဆန္ဒပြမှု
#ပြင်သစ်ဆန့်ကျင်ဆန္ဒပြရေး
#တမန်တော်မိုဟာမက်
#သရော်ခဲ့မှု
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1988-tlp