CNI News
 
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာတွင် တရုတ်ဘက်မှ နယ်မြေကျူးကျော် ခြံစည်းရိုး ခတ်သည့် ကိစ္စသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့ပြီးနောက် ယခု အောက်တိုဘာ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံသားများမှ နောင်ခမ်းဒေသခံများထံသို့ အချက် ၃ ချက်ပါသည့် စာတစ်စောင် ပေးပို့ခဲ့သည့်အပေါ် ပြန်လည်ကန့်ကွက်သွားမည်ဟု နောင်ခမ်းဒေသခံများက ဆိုသည်။
 
အဆိုပါ စာထဲတွင် နှစ်နိုင်ငံအစိုးရ သဘောတူညီချက်မရသေးသ၍ ထိုနေရာတွင် နောင်ခမ်းရွာသားများအနေဖြင့် မည်သည့်စိုက်ပျိုးရေးမှ မလုပ်ရန်နှင့် တစ်စုံတစ်ရာစိုက်ပျိုးခဲ့သည်ရှိသော် ဝင်ရောက်ဖျက်ဆီးသွားမည်သာမက ခြံစည်းရိုးပါ ချက်ချင်းဝင်ခတ်သွားမည်ဟု ပါရှိသည်။
 
#နောင်ခမ်းကျေးရွာ
#စိုက်ပျိုးရေးလုပ်ချိန်
#နမ့်ခမ်းမြို့နယ်
#နယ်မြေကျူးကျော်
#ခြံစည်းရိုးခတ်
#တရုတ်နိုင်ငံသား
#နောင်ခမ်းရွာသား
#တရုတ်ပြည်နယ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1996-2021-11-01-09-25-24