CNI News
 
၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁
 
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား အောက်တို ဘာလအတွင်း တိုက်ပွဲပေါင်း (၁၅) ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုမှာ KIA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။
 
အဆိုပါ တိုက်ပွဲအများစုမှာ တပ်မတော်၏ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို KIA မှ မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
 
ဗိုလ်မှူးကြီး နော်ဘူက “တစ်ခုရှိတာက‌တော့ လီဒိုလမ်းပေါ် တနိုင်းဘက်မှာ နည်းနည်း ခပ်စိတ်စိတ်လောက် ရှိပါတယ်။ အကြိမ်အရေနဲ့ ပြောမယ်ဆိုရင်‌တော့ လေးငါးကြိမ်လောက်ရှိပါပြီ။ အောက်တိုဘာလမှာပေါ့နော်။ နောက် ရှမ်းမြောက်ဘက် ကတော့ ကျနော်တို့ တပ်မဟာ (၆) နယ်မြေဘက်မှာ အဲဘက်မှာလည်း သုံးလေးခါလောက် ရှိပါပြီ။ နောက်တစ်ခု ရှိတာက‌ တော့ တပ်မဟာ (၈) နယ်မြေ ကျ‌နော်တို့ရဲ့ အမှတ် (၅) တပ်ရင်း အုပ်ချုပ်ရေးနယ်မြေ ဘက်မှာလည်း သုံးလေးခေါက်‌တော့ ရှိပါပြီ။ တပ်မဟာ (၅) နယ်မြေမှာ ကျနော်တို့ KIA ဘက်ကနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတယ်။ ဆိုတော့ အကြိမ်နဲ့ ပြန်ခန့် မှန်း ပြောမယ်ဆိုရင်တော့ (၁၅) ကြိမ် ဝန်းကျင်လောက်တော့ ရှိလောက်ပါပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။
 
#KIA
#တပ်မတော်
#တိုက်ပွဲ
#အောက်တိုဘာလ
#၁၅ကြိမ်
#ကချင်ပြည်နယ်
#ရှမ်းပြည်နယ်
#အရေအတွက်
#စစ်ရေး
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1989-kia-2