CNI News
၂၀၂၁ အောက်တိုဘာ ၃၁
မြန်မာ - အန္ဒိယ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လတွင် ပိတ်ထားခဲ့ရာ ယနေ့အချိန်ထိ မဖွင့်လှစ်နိုင်သေးကြောင်း တမူး - ကလေး - ကလေးဝ နယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို အိန္ဒိယနိုင်ငံဘက်မှ ကိုဗစ် - ၁၉ ကူးစက်မှုအကြောင်း ပြချက်ဖြင့် စတင် ပိတ်ခဲ့ရာ တရားဝင် ကုန်သွယ်မှုများ ရပ်ဆိုင်းနေပြီး တရားမဝင် အရောင်းအဝယ်များသာ အလုပ်ဖြစ်နေကြောင်း သိရသည်။
#မြန်မာ
#အိန္ဒိယ
#နယ်စပ်ကုန်သွယ်ရေး
#ရပ်ဆိုင်းနေ
#ကုန်သွယ်မှု
#ကိုဗစ်
#တမူး
#စီးပွားရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-business/1981-2021-10-31-08-10-25