CNI International News
 
မော်စကို၊အောက်တိုဘာ ၃၁
 
G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ စပွတ်နစ်ဗီ (Sputnik V) အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နိုင်ငံတကာအသိအမှတ်မပြု၍ ဆေးဝါးထုတ်လုပ်မှုအပြိုင်အဆိုင်ရှိနေခဲ့မှုအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လျက် စောဒက တက်ခဲ့သော်လည်း ခေါင်းဆောင်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားကြရန် သဘောတူညီမှုရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
 
ရုရှား၏ စပွတ်နစ်ဗီအပေါ် နိုင်ငံတကာသတ်မှတ်ချက်နှင့်အညီ မရရှိခဲ့ခြင်းကို အတိအ လင်းကိုးကားလျက် ဗလာဒီမာပူတင်က G20 နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများကို ကာကွယ်ဆေးနှင့်ပတ်သက်၍ အမြန်ဆုံး ဆွေးနွေးကြရန် အောက်တိုဘာ ၃၀ ရက်က တိုက်တွန်းခဲ့သည်။
 
Source: Aljazeera
 
#G20
#ရုရှား
#ရုရှားသမ္မတ
#စပွတ်နစ်ဗီ
#SputnikV
#ကမ္ဘာလုံးဆိုင်ရာ
#ကာကွယ်ဆေးထိုးနှံရေးကြိုးပမ်းမှု
#ကိုရိုနာဗိုင်းရပ်စ်
#ကာကွယ်ဆေး
#အမေရိကန်နိုင်ငံ
#ဥရောပသမဂ္ဂ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-health/1980-g20