CNI International News
တိုကျို၊အောက်တိုဘာ ၃၁
မကြာသေးမီက ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ဖူမီယိုကီရှီဒါကို ပထမဆုံးအားစမ်းသည့် အမျိုးသားရွေးကောက်ပွဲတွင် ဂျပန်မဲဆန္ဒရှင်ပြည်သူများ စတင်၍ မဲပေးနေကြပြီဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက် (ယနေ့)နံနက်ပိုင်း၌ အေပီက သတင်းဖော်ပြသည်။
လတ်တလောအနေအထားတွင် ကီရှီဒါသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျဆင်းနေသောစီးပွားရေး၊ သက်ကြီး ရွယ်အိုတိုးပွားလာမှု၊ တရုတ်နှင့်မြောက်ကိုရီးယားတို့ဘက်မှ လုံခြုံရေးအရ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နေရသည်ဟု အေပီက ဆက်လက်ရေးသားသည်။
Source: AP
#ဝန်ကြီးချုပ်ကီရှီဒါ
#အာဏာရပါတီ
#ဂျပန်အောက်လွှတ်တော်
#ဂျပန်နိုင်ငံ
#တိုကျိုအိုလံပစ်
#LDP
#မဲဆွယ်ကာလ
#ရွေးကောက်ပွဲ
#လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ
#အကျင့်ပျက်ခြစားမှု
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1972-2021-10-31-05-28-08