CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀
 
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ‌ရွေးချယ်ခံခဲ့ရသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၏ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ထုတ်ပေးရန် ကျပ်သန်းပေါင်း ၂,၄၁၃,၂၅၀(ကျပ် ၂၄ သန်းကျော်) ခန့်မှန်းလျာထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။
 
နိုင်ငံ‌တော်မှ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် ဧပြီလကုန်၊ မေလအတွင်း ထုတ်ပေးရမည် ဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယနေ့အထိ မထုတ်ပေးနိုင်ဘဲ (၅)လကျော်လွန်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ (နစက) ထံသို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများက အောက်တိုဘာ ၄ ရက်နေ့တွင် လက်မှတ် ရေးထိုး တောင်းဆိုခဲ့သည်။
 
#နစက
#နိုင်ငံရေးပင်စင်
#ထောက်ပံ့ငွေ
#ထုတ်ပေးရန်လျာထား
#ပြည်သူ့လွှတ်တော်
#အမျိုးသားလွှတ်တော်
#ကိုယ်စားလှယ်ဟောင်းများ
#ခန့်မှန်း
#ကျပ်နှစ်ဆယ့်လေးသန်းကျော်
#စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1963-2021-10-30-06-49-58