CNI International News
နယူးယောက်၊အောက်တိုဘာ ၃၀
မော်ရိုကိုအစိုးရနှင့် လွတ်လပ်ရေးလိုလားနေသော ပိုလီဆာရီယိုတပ်ဦးတို့အကြား ၁၉၉၁ ခုနှစ်က ထားရှိခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွား၍ စိုးရိမ်မကင်းဖြစ်မိကြောင်းနှင့် အငြင်းပွားမှုဖြစ်ပေါ်နေသော ဆာဟာရ သဲကန္တရအနောက်ခြမ်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်ကို လုံခြုံရေးကောင်စီက တစ်နှစ်သက်တမ်း ထပ်မံတိုးပေးလိုက်ကြောင်း နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှလာသောသတင်းများကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
အဆိုပါအရေးကိစ္စအတွက် ကုလသမဂ္ဂ၌ အောက်တိုဘာ ၂၉ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၃ မဲရရှိခဲ့ပြီး ကန့်ကွက်မဲ မပေါ်ခဲ့ပေ။ ရုရှားနှင့်တူနီရှားနိုင်ငံများကတော့ မဲမပေးကြပေ။
Source: Aljazeera
#မော်ရိုကိုအစိုးရ
#ပိုလီဆာရီယိုတပ်ဦး
#အနောက်ဆာဟာရ
#ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု
#အယ်လ်ဂျီးရီးယားနိုင်ငံ
#UN
#ဒေါ်နယ်ထရမ့်
#မော်ရိုကိုနယ်မြေပိုင်ဆိုင်မှု
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1967-un-6