CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသတွင် ကိုဗစ် - ၁၉ ကူးစက်မှု များလာသည့်အတွက် အဝင်အထွက် ဂိတ်များကို ပိတ်ထားသည်ဟု KIO မှ
ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ လူဝင်၊ လူထွက်တွေကို ကြီးကြပ်တာပါ။ အားလုံးက Quarantine ဝင်ပြီးမှပဲ ဝင်ရ ထွက်ရဆိုတဲ့ စည်းကမ်း ချက်တွေကို ကြပ်ကြပ်မတ်မတ် လုပ်ထားတာပါ။ အခုတော့ မိုင်ဂျာယန်ဘက် မှာလည်း ကိုဗစ် ရောဂါတော့ နဲနဲထပ်တွေ့ ရတာလေ။ ဆိုတော့ အဲဖက်ကနဲ့ ကျနော်တို့ လိုင်ဇာဘက်ကို ဝင်တဲ့လူတွေကို ခဏလေး ပြန်ပိတ် လိုက်တာပါ”ဟု CNI သတင်းဌာနသို့ ပြောသည်။
#KIO
#ကချင်ပြည်နယ်
#ထိန်းချုပ်နယ်မြေ
#လိုင်ဇာမြို့နယ်
#မိုင်ဂျာယန်မြို့နယ်
#အဝင်အထွက်ဂိတ်
#ပိတ်ထား
#တင်းကြပ်
#ကိုဗစ်၁၉
#ကာကွယ်ဆေးထိုး
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-health/1965-kio-3