CNI International News
 
ဘေရွတ်(လက်ဘနွန်)၊အောက်တိုဘာ ၃၀
 
ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ယီမင်ပြည်တွင်းစစ်ကို ဝေဖန်ထားသည့် ဝန်ကြီးတစ်ဦး၏ ဗီဒီယိုဖိုင်သည် ယခုသီတင်းပတ်အစောပိုင်းတွင် ထွက်ပေါ်လာခဲ့ရာ ဆော်ဒီက လက်ဘနွန်သွင်းကုန်အားလုံးကို တားမြစ်လိုက်ပြီး ဆော်ဒီဆိုင်ရာ လက်ဘနွန်သံအမတ်ကို နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့် ထုတ်ခဲ့ကြောင်း ဆော်ဒီအစိုးရပိုင် SPA သတင်းဌာနကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြ သည်။
 
ဆော်ဒီအာရေဗျသည် ၎င်းနိုင်ငံသားများကို လက်ဘနွန်သို့ ခရီးသွားလာခြင်း တားမြစ်ခဲ့ပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကိုလည်း ပြန်လည်ခေါ်ယူခဲ့သည်။
 
Source: Aljazeera
 
#လက်ဘနွန်
#ဆော်ဒီအာရေဗျ
#ယီမင်ပြည်တွင်းစစ်
#လက်ဘနွန်သံအမတ်
#ယီမင်နိုင်ငံ
#ဟူသီသူပုန
#လက်ဘနွန်သွင်းကုန်
#လက်ဘနွန်ဝန်ကြီး
#ပူးပေါင်းဆောင်ရွက်ရေး
#Cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1964-2021-10-30-07-37-21