CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅
အာဆီယံ ထိပ်သီး အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် တစ်ဦးကို ဖိတ်ကြားလာသော်လည်း တက်ရောက်ရန် မသေချာသေးဘဲ မဆုံးဖြတ်ရသေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
အာဆီယံထိပ်သီး အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ထို အစည်းအဝေး သို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးချမ်းအေးကို ဖိတ်ကြားလာ ကြောင်းသိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ကို ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် တစ်ယောက်ကို ဖိတ်ကြားထားပါတယ်။ ကျနော်တို့အနေနဲ့ကတော့ တက်ဖို့ မသေချာသေးပါဘူး၊ အကြောင်းလည်း မပြန် ရသေးပါဘူး၊ ကျနော်တို့အနေနဲ့ ခုနက ပြောသလို တက်ဖြစ် မဖြစ် မသေချာသေးပါဘူး”ဟု ပြောသည်။
#နစက
#အာဆီယံ
#ထိပ်သီးအစည်းအဝေး
#တက်ဖို့မသေချာသေး
#မဆုံးဖြတ်ရသေး
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ကြည့်ရှုရန် - - - - - https://cnimyanmar.com/index.php/political/politics-local/1870-2021-10-25-08-31-41