CNI International News
 
ခါတွမ်း အောက်တိုဘာ ၂၅
 
အောက်တိုဘာ ၂၅ ရက် နံနက်အရုဏ်မတက်မီအချိန်တွင် ဆူဒန်အရပ်သားခေါင်းဆောင်အချို့ကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်စစ်အာဏာသိမ်းမှုမှန်သမျှကို ဆန့်ကျင်တွန်းလှန်သွားရန် ထင်ရှားသော ဒီမိုကရေစီလိုလားသူများ လမ်းပေါ်ထွက်၍ တောင်းဆိုနေကြကြောင်း Al Hadath TV ထုတ်လွှင့်ချက်ကို ကိုးကားလျက် ရိုက်တာသတင်းက ရေးသားဖော်ပြသည်။
 
ဆူဒန်ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါ့၏နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ကြီးချုပ်ကို နေအိမ် အကျယ်ချုပ်ခဲ့သည်။ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်း ဆူဒန်နိုင်ငံဖြစ်စဉ်များအပေါ် အစိုးရရော စစ်တပ် ဘက်ကပါ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသေးပေ။
 
Source: Reuters
 
#ဆူဒန်နိုင်ငံ
#ဆူဒန်အရပ်သားခေါင်းဆောင်
#စစ်အာဏာသိမ်းမှု
#ဒီမိုကရေစီလိုလားသူများ
#ဝင်ရောက်စီးနင်းမှု
#နေအိမ်အကျယ်ချုပ်
#စစ်တပ်
#အသွင်ကူးပြောင်းရေး
#ဆန္ဒပြမှု
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ကြည့်ရှုရန် - - - - - https://cnimyanmar.com/index.php/political/politics-local/1866-2021-10-25-07-02-54