CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၆ ရက်)မှာတော့ • အာဆီယံနိုင်ငံ့ခေါင်း‌ဆောင်တွေ ထိပ်သီးအစည်းအဝေးကို နစက အနေနဲ့ မတက်ရောက်ခြင်းက အကျိုးယုတ်ဖို့ မရှိဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါ၀င်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က ပြောဆိုလိုက်တဲ့သတင်း ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သစ်အဖြစ် စင်ကာပူလူမှုဗေဒပညာရှင် နိုလင်းဟေဇာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

- အာဆီယံအစည်းအဝေး မတက်ရောက်ခြင်းက နစကအတွက် အကျိုးယုတ်ဖို့မရှိဟု ဆို

- ဒေါက်တာနိုလင်းဟေဇာနှင့် မြန်မာဆက်ဆံရေး ဘယ်လိုရှိလဲ

- ကျယ်‌ဂေါင်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်များကို တရုတ်က ဖယ်ရှားခိုင်း

- မြန်မာအထူးသံတမန်သစ်အဖြစ် နိုလင်းဟေဇာကို ကုလသမဂ္ဂ ခန့်အပ်

- အနောက်အုပ်စုသံတမန်များကို နှင်ထုတ်ရန် ခြိမ်းခြောက်မှု တူရကီသမ္မတ ပြန်ရုတ်သိမ်း

- ဆူဒန်စစ်အာဏာသိမ်းမှု၌ ဆန္ဒပြသူများ သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရ

- အာဖဂန် စားနပ်ရိက္ခာအကျပ်အတည်းကို ကုလသမဂ္ဂသတိပေး စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။