CNI International News
 
လန်ဒန်၊ အောက်တိုဘာ ၂၃
 
၁၅ နှစ်တိုင်တိုင် ပျောက်ဆုံးနေခဲ့သည့် အမျိုးသမီးကမ္ဘာ့ဖလား ရပ်ဘီဘောလုံးပြိုင်ပွဲ အထိမ်းအမှတ် ‘ဆုဖလား’သည် အင်္ဂလန် အသင်းကြီးကြပ်သူတစ်ဦး၏ မိဘများပိုင်ဆိုင်သော နေအိမ်ထပ်ခိုးမှ မကြာသေးမီက ပြန်လည်တွေ့ရှိခဲ့ရကြောင်း အင်္ဂလန် ရပ်ဘီဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်က အောက်တိုဘာ ၂၃ ရက် (ယနေ့) ရေးသားဖော်ပြထားသည်။
 
၁၉၉၄ ခုနှစ်က အင်္ဂလန်အသင်း ချန်ပီယံဆုရရှိခဲ့ပြီးနောက် အဆိုပါ ဆုဖလားသည် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သဖြင့် နောက်ထပ် ဆုဖလားအသစ်တစ်လုံးကို ထပ်မံမှာယူ၍ ပွဲစဉ်များ၌ ထုတ်သုံးခဲ့ရသည်။
 
Source: Channel News Asia and Reuters
 
#ရပ်ဘီအားကစား
#အမျိုးသမီးကမ္ဘာ့ဖလား
#ရပ်ဘီဘောလုံးပြိုင်ပွဲ
#ချန်ပီယံဆုဖလား
#ပျောက်ဆုံး
#၁၅တိုင်တိုင်
#အသင်းကြီးကြပ်သူ
#မိသားစုအိမ
#ထပ်ခိုးကနေတွေ့
#အသင်းခေါင်းဆောင်ဂီးဘန်းစ်
#အားကစား
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-sport/1833-2021-10-23-08-38-57