CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃
 
မြန်မာနိုင်ငံပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏သားဖြစ်သူ Euro-Burma Office ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) ၏ နိုင်ငံတကာ သံတမန် အဖြစ် အောက်တိုဘာလ အတွင်းက ခန့်အပ်လိုက်ကြောင်း သိရသည်။
 
PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်မျိုးဝင်းက “နိုင်ငံတကာကိုယ်စားလှယ်ဆိုတာထက်ကို PPST မှာ နိုင်ငံတကာ NCA အသိ သက်သေတွေကို ဆက်သွယ်ဖို့အတွက် လက်ရှိ နိုင်ငံ ရေးအကျပ်အတည်းကို ကူညီပေးဖို့အတွက်ဆိုပြီး အကူအညီ တောင်း ထားတာရှိတယ်လေ။ EAO တွေက အကူအညီတောင်းတဲ့ စာပို့တယ်။ အာဆီယံ အပါအဝင် ပေါ့၊ ကုလသမဂ္ဂ အပါအဝင် NCA အသိသက်တွေဆီကို စာပို့တယ်။ စာပို့ပြီးတဲ့နောက် အဲအလုပ်တွေကို ဆက် လုပ်ဖို့ရာအတွက်ကို PPST အနေနဲ့ စဝ်ဟန်ယောင်ဟွေ ကို တာဝန်ပေးထားတယ်။ နိုင်ငံတကာ ကိုယ်စားလှယ်ဆိုတဲ့ သဘော တော့ ပြောလို့မရဘူး။ ဒီလုပ်ငန်းတွေကို အကောင် အထည်ဖော်ဖို့အတွက် ဦးဟန်ကို တာဝန်ပေးတာ” ဟု CNI သတင်းဌာနသို့ ပြော သည်။
 
#PPST
#ဦးဟန်ယောင်ဝေ
#နိုင်ငံတကာ
#သံတမန်ရေးရာ
#ကိုယ်စားလှယ်
#တာ၀န်ပေး
#ခန့်အပ်
#အကြံပေး
#သံတမန်ရေးကျွမ်းကျင်သူ
#တော်လှန်ရေး
#စ၀်ရွှေသိုက်သား
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1832-ppst-4