CNI News
 
၂၀၂၁ အောက်တိုဘာ ၂၃
 
မြန်မာ့ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုနှင့် နိုင်ငံရေးအပြောင်းအလဲ အခြေအနေ များကြောင့် နိုင်ငံတကာခရီးသွားဝင်ရောက်မှု မရှိသလောက် နည်းပါးသွားခြင်းအပေါ် ပြည်တွင်း ခရီးသွားလုပ်ငန်းကို မြင့်တက်လာအောင် လုပ်ဆောင်ရန် လွယ်ကူသော်လည်း ပြည်ပ ခရီးသွား ဝင်ရောက်မှုအနေဖြင့် လာမည့် ၂၀၂၂ ခုနှစ် ပွင့်လင်းရာသီ‌ ရောက်သည့်အခါမှသာ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
 
“ဒီဟာက ကျနော်တို့ ပြည်ပခရီးသွားလုပ်ငန်းကို မျှော်မှန်းတယ်ဆိုရင်တော့ ကျနော်တို့ ပြည်ပခရီးသွားတွေရဲ့ ဈေးကွက်ရှာတဲ့ပုံစံက အနည်းဆုံး ခြောက်လကနေ တစ်နှစ် ရှာရတဲ့သဘော ရှိနေတယ်။ ဆိုတော့ ခရီးသွားလုပ်ငန်းက ပြည်ပခရီးသွားတွေကို‌ မျှော်မယ်ဆိုလို့ရှိရင် အခု ပြည်တွင်း ခရီးသွားလိုပေါ့။ ပြည်တွင်းခရီးသွားက အခြေအနေတွေ တည်ငြိမ်လို့ရှိရင် တစ်လနှစ်လအတွင်း ပြန်ပြီးတော့ လည်ပတ်တယ်ပေါ့နော်။ ပြည်ပခရီးသွားကကျတော့ ဒီမှာတည်ငြိမ်သွားပေမယ့် အဲလို ချက်ချင်း တက်မလာနိုင်ဘူး။ ဒါကြောင့်မို့လို့ ပြည်ပခရီးသွားတွေကို ပြန်လည် ဆွဲဆောင်တယ်ဆိုလို့ ရှိရင်တော့ ခြောက်လ၊တစ်နှစ် အချိန်ယူပြီးတော့ ကျနော်တို့က နိုင်ငံတည်ငြိမ်ကြောင်း အေးဆေး ဖြစ်ကြောင်းပေါ့နော်။ အဲဒါတွေ အကုန်လုံးကို ကျွန်တော်တို့က ပြသရမယ့်အပြင် တကယ်တမ်း ခရီး သွားဖို့အတွက် လိုအပ်တဲ့လေကြောင်းလိုင်းတွေပေါ့နော် အဲဒါတွေ အကုန်လုံးကို ပြန်လည်ဖွင့်မှသာ ပြည်ပခရီးသွားက ရနိုင်မယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။
 
#ခရီးသွားလုပ်ငန်း
#နိုင်ငံရေးတည်ငြိမ်မှု
#ကိုဗစ
#ခရီးသွား
#ပြည်ပခရီးသွားလုပ်ငန်း
#ပြည်တွင်းခရီးသွားလုပ်ငန်း
#ခရီးသွားလုပ်ငန်းရှင်အသင်း
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1836-2021-10-23-09-52-16