CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂၃
ထင်ရှားသော ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့ ၆ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် အစ္စရေးက အောက်တိုဘာ ၂၂ ရက်က စစ်ဘက်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပါလက်စတိုင်းအာဏာပိုင်များ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် ကုလသမဂ္ဂတို့၏ဝေဖန်ရှုတ်ချသံများ ချက်ချင်းဆိုသလို ဆူညံသွားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံရေးပါတီတစ်ပါတီနှင့်အတူ လက်ဝဲလှုပ်ရှားမှုများရှိနေသည့် ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး (PFLP) နှင့် ဆက်နွယ်နေသည့် အဆိုပါ ၆ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲ လိုက်ခြင်းဖြစ်သည်။ PFLP သည် အစ္စရေးအပေါ် ဆိုးဝါးသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
Source: Aljazeera
#အစ္စရေး
#ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့
#ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး
#PELP
#လူ့အခွင့်အရေးအဖွဲ့
#နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့
#ပါလက်စတိုင်းအာဏာပိုင်များ
#ဉရောပနိုင်ငံ
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1830-2021-10-23-07-01-12