CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၂ ရက်)မှာတော့ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ တရုတ်ဘက်က နယ်မြေကျော်ကာ ခြံစည်းရိုးခတ်လာတာ ကြောင့် ဒေသခံရွာသားတွေနဲ့ အချင်းများမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်း ၊ ထိုင်ဝမ်ကို တရုတ်က တိုက်လာခဲ့ရင် အမေရိကန်အနေနဲ့ အကာအကွယ်ပေးရလိမ့်မယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
- နမ့်ခမ်းတွင် တရုတ်ဘက်မှ နယ်မြေကျော် ခြံစည်းရိုးခတ်၊ ဒေသခံများနှင့် အချင်းများ
- ကိုဗစ်နှင့် နိုင်ငံရေးကြောင့် အသေးစား အလတ်စားလုပ်ငန်းများ ထိခိုက်နေ
- ရွှေလီ-ဝမ်တိန်ရှိ ဒေသခံများ သတိထားနေထိုင်ကြရန် တရုတ်အစိုးရသတိပေး
- ထိုင်ဝမ်ကို တရုတ်တိုက်လာခဲ့သော် အမေရိကန် ကာကွယ်သွားမည်ဟု ဘိုင်ဒန်ပြောကြား
- မင်းသားအဲလက်ဘော်ဒွင် ရုပ်ရှင်ရိုက်ရင်း သေနတ်ဖြင့် ပစ်ခတ်မိ၍ လူသေမှုဖြစ်ပွား
- ကိုဗစ်ကြောင့် ကျန်းမာရေးဝန်ထမ်းပေါင်း နှစ်သိန်းဝန်းကျင်အထိ သေဆုံးနိုင်ခဲ့ကြောင်း WHO ခန့်မှန်း စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။