CNI International News
 
မွမ်ဘိုင်း၊အောက်တိုဘာ ၂၁
 
ဘောလိဝုဒ် နာမည်ကြီးမင်းသား ရှာရွက်ခမ်း၏သားဖြစ်သူ အာယန်ခမ်းသည် ပါတီပွဲတစ်ခုတွင် အပန်းဖြေရင်း မူးယစ်ဆေးဝါးသုံးစွဲနေသည်ဟူသော စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရပြီး ၁၈ ရက်အကြာတွင် အာမခံပယ်ချခံရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။
 
အသက် ၂၃ နှစ်အရွယ်ရှိ အာယန်ခမ်းသည် မွမ်ဘိုင်းမြို့မှ ဂိုအာပြည်နယ်သို့ သွားသော အပျော်စီးသင်္ဘော တစ်စီးကို အောက်တိုဘာ ၂ ရက်က လိုက်ပါစီးနင်းရင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
 
၎င်းကို တရားမဝင် မူးယစ်ဆေး လက်ဝယ်ထားရှိသုံးစွဲမှု၊ တရားမဝင် ပြန်လည်ရောင်းချမှုတို့နှင့် ပတ်သက်သော ဥပဒေပုဒ်မများဖြင့် အိန္ဒိယမူးယစ်ထိန်းချုပ်ဗျူရိုက စွဲချက်တင်ထားသည်။ ၎င်းကတော့ အဆိုပါစွဲချက်များကို ငြင်းဆိုထားသည်။
 
Source: BBC
 
#ဘောလိဝုဒ
#ရှာရွက်ခမ်း
#အာယန်ခမ်း
#မူးယစ်ဆေးဝါးသုံးစွဲမှု
#မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု
#မွမ်ဘိုင်းတရားရုံး
#ဂိုအာပြည်နယ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-entertainment/1783-2021-10-21-05-33-17