CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲများနှင့် မတည်ငြိမ်သည့် လုံခြုံရေး အခြေအနေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ နှစ်သောင်းကျော် ရှိလာကြောင်း UN OCHA Myanmar က အောက်တိုဘာ ၁၉ တွင် ထုတ်ပြန်ခဲ့သည်။
“ချင်းပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးလာရသူဦးရေဟာ ၂၁,၄၂၀ အထိရှိလာပြီး သိသိသာသာ ဆက်လက် မြင့်တက်လျက်ရှိပါတယ်။ အောက်တိုဘာ ပထမရက်သတ္တပတ်ထဲမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ပေါ်က လူထောင်ပေါင်းများစွာ ထပ်မံနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်” ဟု UN OCHA က ထုတ်ပြန်ခဲ့သည်။
#ချင်းပြည်နယ်
#နေရပ်စွန့်ခွာထွက်ပြေးသူ
#တိုက်ပွဲရှောင်
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#တပ်မတော်
#မင်းတပ်
#ကန်ပက်လက်
#လူသားချင်းစာနာမှု
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1794-2021-10-21-07-16-07