CNI International News
ဘာလင်၊ အောက်တိုဘာ ၂၁
ဘီလာရုစ်နိုင်ငံမှ ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများ ဂျာမနီနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ ကို နှိမ်းနင်းနိုင်ရန်အတွက် ပိုလန်နှင့်ဂျာမနီနယ်စပ်တွင် နှစ်နိုင်ငံပူးတွဲကင်းလှည့်မှုစတင်ရန် ဂျာမန်အစိုးရ ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက အောက်တိုဘာ ၂၀ ရက်က ကမ်းလှမ်းအဆိုပြုခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပေါင်း ၄၅၀၀ ခန့်ကို ဂျာမနီအာဏာပိုင်များက မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူအများစုသည် ပိုလန်နိုင်ငံမှတစ် ဆင့် ဥရောပသမဂ္ဂနိုင်ငံများထံ ရောက်ရှိရေး မျှော်လင့်ချက်ဖြင့် ဘီလာရုစ်နိုင်ငံကို ဖြတ် သန်းလာသည့် ဆီးရီးယားနှင့်အီရတ်မှ လူများဖြစ်ကြကြောင်း ဂျာမန် အာဏာပိုင်များက ပြောကြားသည်။
Source: AP
#ဘီလာရုစ်နိုင်ငံ
#ပိုလန်နိုင်ငံ
#ဂျာမနီ
#ရွှေ့ပြောင်းနေထိုင်သူများ
#ဉရောပနိုင်ငံ
#နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု
#လူသားချင်းစာနာမှု
#နယ်စပ်ဂိတ်
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1786-2021-10-21-06-07-49