CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂
 
မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွှေလီနှင့် ဝမ်တိန်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား အပါအဝင် ဒေသခံအားလုံး သတိထားနေထိုင်ကြရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ အစိုးရတာဝန်ရှိသူများက သတိပေး ထုတ် ပြန်ထားသည်။
 
ထိုသတိပေး ထုတ်ပြန်ချက်ထဲတွင် သေနတ်သံကြားရသည့်အခါ အပြင်မထွက်ရန်၊ အမိုးဖွင့်ထားသည့် နေရာများအား မသွား ရန်၊ ကျည်ဆန်များကြောင့် ထိခိုက်ဒဏ်ရာမရအောင် ခိုင်ခံ့သည့် အမိုးအကာများအား ရှာဖွေရန်၊ ကျည်ဆန်ကြောင့် ထိခိုက် ဒဏ်ရာရပါက ဝမ်တိန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဖုန်းနံပါတ်သို့ ခေါ်ဆို၍ ကုသမှုခံယူရန် စသဖြင့် သတိပေး ဖော်ပြထား သည်။
 
#တရုတ
#ဝမ်တိန်
#ရွှေလီ
#သတိပေးထုတ်ပြန်ချက်
#မြန်မာ့နိုင်ငံရေး
#အကျပ်အတည်း
#မတည်မငြိမ်
#တိုက်ပွဲ
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1811-2021-10-22-08-59-21