CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခဲ့သည်မှာ ၆ နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ၆ နှစ်ပြည့် NCA နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဘက် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ကို ဖိတ်ကြားခဲ့သည်။
ယခင်က NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် PPST ကို လိပ်မူ၍ ဖိတ်ကြားလေ့ရှိသော်လည်း ယခု ၆ နှစ် ပြည့် အခမ်းအနားကိုတော့ အပစ်ရပ် ၁၀ ဖွဲ့ တစ်ဖွဲ့ချင်းစီကိုသာ လိပ်မူပြီး ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ အခမ်းအနား ကို RCSS၊ ALP၊ NMSP၊ DKBA၊ KNU/KNLA-PC၊ ABSDF၊ PNLO၊ LDU တို့က လူကိုယ်တိုင်နှင့်အွန်လိုင်းဆိုကာ နှစ်မျိုး ခွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အခြေအနေအပေါ် တချို့ကလည်း နစကသည် PPST အား ပိုင်းခြားရန် မဟာဗျူဟာတစ်ခုကို ခင်းကျင်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်မြင့်ထွန်းကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
#ဦးခွန်မြင့်ထွန်း
#အင်တာဗျူး
#PPST
#တစ်ဖွဲ့ချင်း
#NCA
#လက်မှတ်ထိုး
#၆နှစ်ပြည့်
#နှစ်ပတ်လည်
#အခမ်းအနား
#တက်ရောက်
#ဖိတ်ကြား
#CNImyanmar
#cninews
#ChannelNewsIndependent