CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၁၆ ရက်)မှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံကနေတဆင့် တရုတ်ရဲ့ ဖိအားက မြန်မာနိုင်ငံအပေါ် ရှိလာနိုင်တယ်လို့ သံတမန် အသိုင်းအဝိုင်းကြားမှာ ပြောဆို ဆွေးနွေးနေတဲ့သတင်း ၊ ငြိမ်းချမ်းရေး အစီအစဉ်အတွက် နစကဥက္ကဋ္ဌအနေနဲ့ ကတိကဝတ်များ အကောင်အထည်ဖော်ရန် ပျက်ကွက်မယ် ဆိုပါက လာမယ့် အာဆီယံထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့ မလေးရှားက မလိုလားကြောင်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ်။

- ကမ္ဘောဒီးယားကနေတဆင့် တရုတ်ဖိအား မြန်မာအပေါ်ရှိလာနိုင်သလား

- PR စနစ် ဖြစ်မြောက်အောင် UEC ကြိုးစားနေဟု နိုင်ငံရေးပါတီအချို့ပြော

- တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း မဖွင့်နိုင်သေး

- ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေ၍ POE ဂိတ် ပြောင်းလဲကုန်သွယ်နေရ

- မြန်မာနိုင်ငံတိုးတက်မှုဖြစ်စဉ်အတွက် တောင်းဆိုချက်များအပေါ် မလေးရှား အလျှော့မပေးဟုဆို

- ဗြိတိန်ကွန်ဆာဗေးတစ်အမတ် အသတ်ခံရမှု အကြမ်းဖက်ဝါဒဟု ရဲက ပြော

- အာဖဂန်ဘောလုံးသမားများနှင့် မိသားစုဝင်များ ကာတာနိုင်ငံသို့ လေကြောင်းဖြင့်ထွက်ခွာ စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel---https://t.me/ChannelNewsIndependent