CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၁၅ ရက်)မှာတော့ လက်ရှိတာဝန်ယူထားသူတွေဟာ ရွေးကောက်ခံ အစိုးရမဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးရန် မလိုဘူးဆိုတဲ့ အယူအဆတွေကို လက်တွေ့ကျကျ သုံးသပ်ဖို့လိုတယ်လို့ နစက ဥက္ကဋ္ဌ ပြောဆို လိုက်တဲ့သတင်း ၊နစကရဲ့ သံတမန်ကို အသိအမှတ်ပြုတဲ့သဘောသက်ရောက်မှာကို ရှောင်ရှားလိုတဲ့အတွက် အာဆီယံအစည်းအဝေးကို ရွှေ့ဆိုင်းဖို့ UN အကြီးအကဲက တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံး ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ်။
 
- ရွေးကောက်ခံအစိုးရမဟုတ်၍ ဆွေးနွေးရန် မလိုဟူသည့်အယူအဆများ ပြန်သုံးသပ်ရန်လိုဟုဆို
 
- တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ၁၁၄ ဦး၏ အမှုကို ပိတ်သိမ်း
 
- ခေတ်မီသည့် တပ်မ‌တော် တစ်ရပ်ဖြစ်ဖို့ TNLA မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းပေး
 
- မွန်ပြည်နယ် ငါးလုပ်ငန်းတစ်ခုလုံး ပိတ်သိမ်းထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရ
 
- နစက၏သံတမန်ကို ရှောင်ရှားရန် အာဆီယံအစည်းအဝေးကို UN အကြီးအကဲ ရွှေ့ဆိုင်းထား
 
- ဥပဒေသစ်အရ ရွှေ့ပြောင်းနေထိုင်သူများကို ပိုလန်အစိုးရနှင်ထုတ်
 
- မြွေဟောက်သုံး၍ ဇနီးကို သတ်ဖြတ်ခဲ့သော အိန္ဒိယအမျိုးသားတစ်ဦးကို ပြစ်ဒဏ်ချမှတ် စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။