CNI Inernational News
 
ဝါရှင်တန်၊ အောက်တိုဘာ ၈
 
၂၀၂၁ ခုနှစ် နှစ်ဦးပိုင်း ဇန်နဝါရီ ၆ ရက်က အမေရိကန်ကွန်ဂရက်အဆောက်အဦးထဲ အဓိကရုဏ်း ဖြစ်ပွားစေမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ၎င်း၏အကြီးတန်းလက်ထောက်လေးဦးအနေဖြင့် လိုက်နာဖော်ထုတ် ပေးခြင်းမပြုရန် သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောကြားထားပြီးဖြစ်ကြောင်း အမေရိကန်မီဒီယာများက အောက်တိုဘာ ၇ ရက်၌ သတင်းတွင်ဖော်ပြကြသည်။
 
ထရမ့်ထောက်ခံသူများကြောင့် ဖြစ်ပွားခဲ့သော အဓိကရုဏ်အကြောင်း လက်ရှိအမေရိကန်လွှတ်တော်မှ စုံစမ်း စစ်ဆေးရေးအဖွဲ့များနှင့် ထရမ့်၏လက်ထောက်များ ပူးပေါင်းအဖြေရှာခြင်းမပြုရန် ထရမ့်က တားဆီး ထားကြောင်း ပြည်တွင်းမီဒီယာများဖြစ်သည့် Politico နှင့် The Washington Post နှစ်ခုစလုံးက ရေးသား ဖော်ပြခဲ့ကြသည်။
 
Source: AFP, Bangkok Post
 
#ဒေါ်နယ်ထရမ့်
#လွှတ်တော်
#အမေရိကန်ကွန်ဂရက်
#အိမ်ဖြူတော်
#ဘိုင်ဒန်
#အမေရိကန်မီဒီယာ
#အကြီးတန်းလက်ထောက်
#ဘိုင်ဒန်
#နိုင်ငံရေးမဟာဗျူဟာ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1545-2021-10-08-07-15-04