CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ရခိုင်ပြည်နယ်မှ ကုန်သွယ်ရေးစခန်းများကို ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ၃ လတာကာလအတွင်း မောင်တောနယ် စပ် ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သိန်း ၅၀ (၅ သန်း) ခန့် နစ်နာဆုံးရှုံးနေသည်ဟု သိရသည်။
 
ကုန်သွယ်ရေးစခန်းများမပိတ်ခင် တစ်လအလိုတွင် အမေရိကန်ဒေါ်လာ ၁၂ သိန်းနီးပါး ကုန်သွယ်တင်ပို့မှု ရှိခဲ့သည့်အတွက် ယခုလို ပိတ်ထားခြင်းကြောင့် နစ်နာမှုများ ဖြစ်ပေါ်နေသည်ဟု မောင်တော နယ်စပ် ကုန်သွယ်ရေးစခန်း ဥက္ကဌ ဦးအောင်မြင့်သိန်းက CNI သတင်းဌာနသို့ ပြောသည်။
 
#မောင်တောနယ်စပ်
#ရခိုင်ပြည်နယ်
#ဘင်္ဂလားဒေ့ရှ်နိုင်ငံ
#ကုန်သွယ်ရေး
#စီးပွားရေးဇုန်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1551-2021-10-08-08-53-18