CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈
 
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် နောင်မြလွဲနှင့် ကော့အိမ်ဆိုင်ကျေးရွာအကြားတွင် ရှိသည့် နယ်ခြားစောင့်တပ် (BGF) တပ်စခန်းတစ်ခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ တိုက်ခိုက်ခံရပြီး BGF မှ တာဝန်ခံတစ်ဦးနှင့် ၎င်း၏ အမျိုးသမီးနှင့်ကလေး အသတ်ခံခဲ့ရသည်ဟု BGF မှတာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနကို အတည်ပြု ပြောကြားသည်။
 
“ဟုတ်တယ်ခင်ဗျ။ ကျနော်တို့လည်း စုံစမ်းနေတုန်း။ မြေပြင်မှာတော့ မသိသေးဘူးခင်ဗျ။ ကျနော်တို့ လောလောဆယ်ပြောဖို့ နည်းနည်းစောနေသေးတယ်။ ကျနော်တို့ စုံစမ်းမှုတော့လုပ်နေတယ်။ ဘာလို့လဲဆို‌တော့ သူတို့က ဇနီးရော၊ကလေးရော သတ်သွားတာလေ” ဟု ဆိုသည်။
 
#BGF
#နောင်မြလွဲ
#လှိုင်းဘွဲ့မြို့နယ်
#အမျိုးသမီး
#ကလေး
#ကရင်ပြည်နယ်
#သေဆုံး
#တိုက်ခိုက်ခံရ
#နယ်ခြားစောင့်တပ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1548-bgf