CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၇
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များ အောက်တိုဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဟု နိုင်ငံရေးပါတီများက ဆိုသည်။
အဆိုပါ တွေ့ဆုံမှုသည် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် ဖော်ဆောင်နိုင်ရေးနှင့် ရှေ့ဆက်နိုင်ကို အဓိက ဆွေးနွေးကြမည်ဟု သိရသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက “ဟုတ်ကဲ့၊ တခြားဘယ်ပါတီတွေရော ဖိတ်ထား လည်း ကျနော်မသိဘူး၊ ကျနော်တို့ ပါတီကိုတော့ ဖိတ်ထား ပါတယ်။ ကျနော်တက်ဖို့သတင်းပို့ထားပါတယ်။အဓိကတော့ ကျနော်ထင်ပါတယ်။ အခု ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဒါပြန်လည်ပြီးတော့ ဆွေးနွေးပွဲတွေ စနိုင်ဖို့အတွက် NSPNC က လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒီအစည်းအဝေးကို ခေါ်တယ်လို့ပဲ ယူဆပါတယ်။
#ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
#NSPNC
#ငြိမ်းချမ်းရေးကော်မတီ
#နိုင်ငံရေးပါတီ
#တွေ့ဆုံဆွေးနွေးမည်
#ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
#တိုင်းရင်းသားလက်နက်ကိုင်
#NCA
#ဖက်ဒရယ်
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1531-2021-10-07-07-44-40