CNI International News
ဝါရှင်တန်၊အောက်တိုဘာ ၇
“အာဖဂန်သမ္မတဟောင်း အာရှရတ်ဖ်ဂါနီသည် တိုင်းပြည်မှ ထွက်ပြေးစဉ် ၎င်းနှင့်အတူ ဒေါ်လာသန်းပေါင်းများစွာ ယူဆောင်သွား ကြောင်း စွပ်စွဲချက်များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း” အမေရိကန် အထူးစစ်ဆေးရေးအရာရှိချုပ် ဂျွန်ဆိုပကိုက အောက်တို ဘာ ၆ ရက်၌ ပြောကြားခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။
သမ္မတဟောင်းဂါနီသည် သွေးထွက်သံယိုမှု ရှောင်ရှားရန် အကြောင်းပြ၍ ကဘူးလ်မြို့တော်မှ ထွက်ပြေးသွားခဲ့ပြီး ၎င်းနှင့် အတူ ငွေကြေး အမြောက်အမြား ယူဆောင်သွားခဲ့သည်ဆိုသည့် စွပ်စွဲချက်သတင်းများကို ၎င်းက ငြင်းဆန်ခဲ့သည်။
Source: Reuters, Channel News Asia
#အာဖဂန်
#အာဖဂန်သမ္မတဟောင်း
#အာရှရတ်ဖ်ဂါနီ
#နိုင်ငံကထွက်ပြေး
#ပိုက်ဆံများယူသွား
#အမေရိကန်
#စစ်ဆေးမည်
#တာလီဘန်
#နိုင်ငံရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1534-2021-10-07-08-53-27