CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၈ ရက်)မှာတော့ ပြည်တွင်း ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုက အဓိကကျနေဆဲပဲ လို့ ပြောဆိုလိုက်တဲ့သတင်း ၊ အမေရိကန်ကွန်ဂရက်အဓိကရုဏ်းဖြစ်ပွားမှုမှာ အဓိကကျသူ ၄ ဦး အား လွှတ်တော်မှ စုံစမ်းစစ်ဆေးမှုကို လိုက်နာဖော်ထုတ်ပေးခြင်းမပြုဖို့ ဒေါ်နယ်ထရမ့်က တားဆီးလိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းများကို တင်ဆက်ပေးပါမယ်။


- ပြည်တွင်းပဋိပက္ခများ ဖြေရှင်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်က အဓိကကျဆဲဟု ဦးရဲထွန်းပြော

- အလုပ်သမားများနှင့် ကုန်သည်များ အထိနာစေသည့် တရုတ်နယ်စပ်ဂိတ်

- BGF တပ်စခန်းတစ်ခုတိုက်ခိုက်ခံရ၊ အမျိုးသမီးနှင့်ကလေး သေဆုံး

- ၃ လအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၅ သန်း နီးပါး နစ်နာဆုံးရှုံး

- အမေရိကန်ကွန်ဂရက်အဓိကရုဏ်း အဓိကကျသူ ၄ ဦး စုံစမ်းစစ်ဆေးမှုကို ထရမ့်တားဆီး

- မော်စကိုအာဖဂန်ညီလာခံသို့ တာလီဘန်များတက်ရောက်ရန် ရုရှားဖိတ်ကြားထား

- တက္ကဆက်ပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချမှုများ ပြန်လည်ဖြစ်ပေါ် စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel---https://t.me/ChannelNewsIndependent

နှစ် ၅၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် ရန်ကင်းကီးမား


CNI Lifestyle

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈

မြန်မာ့ရိုးရာ အစားအစာမုန့်ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ကီးမားဆန်မုန့်ကို သိကြမယ်ထင်ပါတယ်။ သူ့ကို လမ်းသရဲမုန့်လို့လည်း အများက သိကြပါတယ်။ ဆန်မု့န်နှစ်ထဲမှာ ကြက်သွန်၊ ဂေါ်ဖီ၊ မဆလာ၊ ပဲပြုတ်၊ ငရုတ်သီး စတဲ့ အစာပလာတွေ စုံလင်အောင်ထည့်ပြီး အရသာရှိရှိ စားသုံးရတဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီ ရိုးရာမုန့်ကို နှစ်ပေါင်း ၅၀ တိုင်တိုင် အရသာမပျက် ရောင်းချပေးနေဆဲဖြစ်တဲ့ ရန်ကင်းကီးမားဆိုင်ဟာ ဒီနေ့ထက်ထိ ဘာကြောင့် ရပ်တည်နေနိုင်ပြီး လူကြိုက်များနေဆဲလဲဆိုတာကို CNI က မေးမြန်းတင်ဆက်ပေးထားပါတယ်။

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw

CNI Telegram Channel---https://t.me/ChannelNewsIndependent