ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်မှာ ဒေသခံများက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)အလိုမရှိ ကြောင်း ကန့်ကွက် ဆန္ဒပြမှု တစ်ခုကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါသည်။အဆိုပါ ဆန္ဒပြရခြင်းမှာ နမ့်ခမ်းမြိုနယ်၊ မန့်ဆွမ်းကျေးရွာမှ ရှမ်းလူငယ်အဖွဲဝင် တစ်ဦး ဖြစ်သူ စိုင်းစံအိုက်ခမ်းဆို သူကို SSPP တပ်ဖွဲဝင်များက ဖမ်းဆီးသွားခဲ့ပြီးနောက် SSPP အဖွဲလက်ထဲမှာပဲ သေဆုံးသွားခြင်းကြောင့် ဒေသခံများက ကန့်ကွက်ကြောင်း နှင့်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး CNI News က SSPP/SSA တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော် လည်း အဆက်အသွယ် မရသေးသည့်အတွက် တစ်စုံတစ်ရာ မသိရသေးပေ။
#SSPP/SSA
#ရှမ်းလူထု ဆန္ဒပြ
#နမ့်ခမ်း- ရှမ်းပြည်နယ်
#သတ်ဖြတ်ခံရမှု
#စိုင်းစံအိုက်ခမ်း