ပြီးခဲ့သည့် လပိုင်းက တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံသား ၃ ဦး COVID-19 ရောဂါ တွေ့ရှိခဲ့ ပြီးနောက် မြန်မာနိုင်ငံသားများက COVID ရောဂါ သယ်ဆောင်သည်ဟု ဆိုသော အကြောင်းပြချက်ဖြင့် တရုတ်အစိုးရက နှစ်နိုင်ငံကုန်သွယ်မှု ကြီးမားစွာ ပြုလုပ်လျှက်ရှိ သည့် မန့်ဝိန်းကုန်သွယ်ရေး ဂိတ်ပေါက်ကို ယခုလ ၁ ရက်ကစပြီး ကုန်စည်ကား အဝင်၊ အထွက် ပိတ်သိမ်းခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးပြုလုပ်သည့် ဂိတ်ပေါက် ၅ ခုရှိရာ လက်ရှိတွင် ကျင်စန်းကျော့-ဝမ်တိန်ဂိတ် တစ်ခုတည်းမှာသာ ကုန်သွယ်မှုပြုနေရသဖြင့် ကုန်စည် စီးဆင်းမှုကြန့်ကြာခြင်း၊ ကုန်ကားများ စုပြုံသွားရခြင်းတိုကြောင့် ကုန်စည်စီးဆင်းမှု ယခင်နှစ်ကာလနှင့် နှိင်းယှဉ်မည်ဆိုပါက ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း ကုန်သည်လုပ်ငန်းရှင်များ ထံမှ သိရပါသည်။ လက်ရှိတွင် ကုန်သွယ်ရေးပြုလုပ်သည့်အခါ မန္တလေး-မူဆယ် (၁၀၅) မိုင်- ကျင်စန်းကျော့ အစား လမ်းကြောင်း ပြောင်း၍ ဆန်၊ စကွဲ၊ ပြောင်းနှင့် ပဲမျိုးစုံတင်ပိုသည့် ကားများကို မန္တလေး- ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကနေ သင်္ဘောဖြင့် တင်ပိုလျှက်ရှိကြောင်း သိရသည်။

#မူဆယ်နယ်စပ်ကုန်သွယ်
#ဉီးမင်းသိန်း
#မန္တလေး-မူဆယ်-ကျင်စန်းကျော့လမ်းကြောင်း
#မန္တလေး-ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း
#ကုန်စည် စီးဆင်းမှုကျဆင်း