CNI News
၂၀၂၁ ခုနှစ်၊ဇွန်လ ၂၆
ယနေ့ (ဇွန်လ ၂၆ ရက်တွင်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနေ့တွင် ဖမ်းဆီးရမိထားသော အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးခဲ့သည်။အဆိုပါ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် တွင် လည်းကောင်း၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်လည်းကောင်း ဆောင်ရွက်ခဲ့ သည်။ (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက် ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ အာဏာပိုင်များက ယခုလိုနေ့မျိုးများတွင် မီးရှို့ဖျက်ဆီးကြခြင်း ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ကျင်းပခဲ့သော မူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ် ရေး ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်ဘက် နယ်ဘက် အရာရှိများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
#မူးယစ်ဆေးဝါး
#မီးရှို့ဖျက်ဆီး
#ကန်ဒေါ်လာ သန်း ၂၀၀ ကျော်
#မြန်မာနိုင်ငံ
#ရန်ကုန်တိုင်းဒေသကြီး