CNI International News
၂၀၂၃ ခုနှစ်၊ မေလ ၂၀

ယူကရိန်းအရှေ့ပိုင်း ဘက်ခ်မွတ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရုရှား၏ ဝဂ်နာအုပ်စုပိုင်ရှင် ပရီဂေါ့ဇ်ဟင်က ကြေညာခဲ့သည်။

ဘက်ခ်မွတ်တိုက်ပွဲသည် ရုရှား၏ ထိုးစစ်ဆင်မှုအတွင်း အရှည်ကြာဆုံးနှင့် ထိခိုက်သေဆုံးမှု အများဆုံး တိုက်ပွဲတစ် ခုလည်း ဖြစ်သည်။

ဘက်ခ်မွတ်မြို့သည် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီဟု ယူကရိန်းဘက်က ဝန်ခံခဲ့သော်လည်း နေရာတချို့ကို ထိန်းချုပ်ထားနိုင်ဆဲဟု ဆက်လက် ပြောဆိုနေဆဲ ဖြစ်သည်။

Source: AFP