CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄

ဂျူဗင်တပ်စ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် အသင်းကို ကိုင်တွယ်တာ ၉ လကြာသာရှိသေးတဲ့ နည်းပြ သီယာဂိုမော့တာကို ရာထူးကနေ ထုတ်ပယ်ပြီး အီဂေါတူဒေါကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ ဖီအိုရင်တီးနားအသင်းကို ၃ ဂိုး-ဂိုး မရှိ၊ အတ္တလန်တာအသင်းကို ၄ ဂိုး-ဂိုးမရှိတွေနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ ဒီရလဒ်ဆိုးတွေကြောင့် စီးရီးအေ အမှတ်ပေးဇယားအဆင့် ၄ နေရာက ဘိုလော့ဂ်နာ အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာဖလား ပြိုင်ပွဲတွေကနေလည်း ထွက်ခွာ ထားရတာပါ။

အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ သီယာဂိုမော့တာကို ရာထူးကနေ ထုတ်ပယ်ပြီး သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ အီဂေါတူဒေါကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ ပါတယ်။  

ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်

အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၈ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး စီးရီးအေ ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။ 

ခရိုအေးရှား ကစားသမားဟောင်းဟာ ဂျူဗင်တပ်စ်အသင်းကို နည်းပြပီယာလို ကိုင်တွယ်ချိန်က လက်ထောက် နည်းပြ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

အီဂေါတူဒေါဟာ သူ့ရဲ့နည်းပြဘဝမှာ ဂါလာတာစာရေး၊ အူဒီနီးစ်၊ မာဆေးလ်နဲ့ လာဇီယိုအသင်းတွေကို ကိုင်တွယ် ခဲ့ပါတယ်။ 

အီဂေါတူဒေါဟာ ဂျူဗင်တပ်စ်အသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးရတော့မှာပါ။ 

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

Source: ESPN