CNI News
၂၀၂၁ ခုနှစ်၊ ဇူလိူင် ၂၄
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းမှာ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၂၀၀ ဝန်းကျင်နဲ့ လက်ရှိ ဆေးကုသမှု ခံယူ နေရသူ ၉၀၀ ကျော် ရှိနေပါတယ်၊ ဒီထဲမှာမှ အောက်ဆီဂျင် ပေးထားရသူ ၃၆၀ ကျော်ရှိပြီးတော့ သေဆုံးသူ ၇၀ ကျော် ရှိပါ တယ်။
လက်ရှိမှာ အောက်ဆီဂျင် လိုအပ်ချက်တွေ များပြားလာနေပြီး ရှားပါးမှုတွေ ဖြစ်လာတဲ့အတွက် မြောက်ဦးမြို့မှာတော့ ကိုယ်ထူကိုယ်ထ စက်ရုံတစ်ရုံ တည်ဆောက်ဖို့ မနေ့က စမ်းသပ်ထုတ်လုပ်တဲ့အခါမှာ ၄၀ လီတာအိုး ၃၅ လုံးထွက်ခဲ့ပါတယ်။
ဒီလို အောက်ဆီဂျင် ထုတ်လုပ်နေမှုနဲ့ပတ်သက်ပြီး ရခိုင်ဒေသမြောက်ဦးမှာရှိတဲ့ ပြည်သူတွေကို ဘယ်လောက်ထိ အထောက် အပံ့ ပေးနိုင်မလဲ၊ ဘာတွေ လိုအပ်နေလဲ၊ အခက် အခဲတွေက ဘယ်လိုရှိနေလဲ စတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အောက်ဆီဂျင် စက်ရုံတည်ထောင်တာမှာ ကူညီလုပ်ဆောင်နေတဲ့ နန်းရိပ်ကရုဏာအောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့က ဦးသန်းထွန်းကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ အောက်ဆီဂျင်စက်ရုံက ထုတ်လုပ်မှု စနေပြီဆိုတော့ ထုတ်လုပ်လည်ပတ်မှု အခြေအနေ ဘယ်လိုမျိုး စတင် လုပ်ဆောင်နေပါသလဲ။ ဈေးနှုန်းတွေ ဘာတွေကျတော့ရော ဘယ်လိုမျိုး သတ်မှတ်ပေးပြီး ပြည်သူတွေကို ဖြန့်ဖြူးပေးနေ ပါသလဲ။
ဖြေ ။ ။ မနေ့ကဆိုရင် ကျနော်တို့ ၄၀ လီတာဝင် ၃၅ လုံးလောက် ထုတ်လုပ်နိုင်ပါတယ်။ ဈေးနှုန်းပိုင်းကတော့ သတ် သတ်မှတ်မှတ် ကျနော်တို့ မပြောရသေးပါဘူး။ မဆွေးနွေးရသေးဘူး။
မေး ။ ။ လက်ရှိက ရခိုင်ပြည်နယ်၊ မြောက်ဦးမှာ စတင်ထုတ်နေပြီဆိုတော့ ပြည်သူတွေအတွက် အောက်ဆီဂျင် လိုအပ် ချက်ကို ဘယ်လောက်လောက် ဒီစက်ရုံက ဖြန့်ဖြူးပေးနိုင်မလဲရှင့်။
ဖြေ ။ ။ ရခိုင်တစ်ပြည်နယ်လုံးကျတော့ ကျနော် မပြောတတ်ဘူးပေါ့။ အဓိကတော့ ကျောက်တော်၊ မင်းပြား၊ စစ်တွေ ဒေသတွေပေါ့။ နောက်ပြီးတော့ မြေပုံတို့၊ တောင်ကုတ်ဘက်တွေကလည်း လာကြတယ်။ ဒီပြည်သူတွေကို တတ်နိုင်တဲ့ ဘက်ကပေါ့နော်။ အကုန်လုံး မပေးနိုင်ရင်တောင် အဆင်ပြေတဲ့အထိ ကျနော်တို့က ကူညီပေးနေပါတယ်။
မေး ။ ။ အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်လည်ပတ်ရတဲ့ အခါနဲ့ ပြည်သူတွေဆီ ရောက်အောင် ဖြန့်ဖြူးပေးရတဲ့အခါ ဘယ်လိုမျိုး အခက်အခဲတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ပြောမယ်ဆိုရင် ကလေးတွေက ပင်ပန်းတယ်။ အောက်ဆီဂျင် ၄၀ လီတာဝင် တစ်လုံးဆိုရင် ၈ လုံး ထွက်တယ်။ အဲဒီတော့ ပုံမှန် မီးအားကောင်းတယ်ဆိုရင် ၂ နှစ်နာရီ လောက်ဆိုရင် အောက်ဆီဂျင်က ပြည့်တယ်။ ပုံမှန်မီးအား မကောင်းဘူးဆိုရင်တော့ ၃ နာရီခွဲလောက်ထိ သွားပါတယ်။ အဲဒီတော့ ကလေးတွေက ညနေပိုင်းဆို မအိပ်ရဘူး။ အောက်ဆီဂျင်အိုးက အလန်းပေးတော့ ဖြုတ်၊ တပ်ပြီးတော့မှ မနားတမ်းစောင့်ကြည့် အလုပ်လုပ်နေရတာပေါ့။ ရခိုင်မှာဆိုရင် လည်း ဒီမြောက်ဦးမှာမှ တစ်ခုပဲရှိတယ်။ တခြားမြို့တွေကလည်း အရေးပေါ် လိုနေတယ်ဆိုတော့ ကျနော်တို့က အကူအညီ ပေးနေတာပါ။
မေး ။ ။ ဒီအောက်ဆီဂျင် ထုတ်လုပ်ရေး စက်ရုံကနေပြီးတော့ မြောက်ဦးပြည်သူတွေအတွက် ဘယ်လောက်ထိ အထောက်အပံ့တစ်ခု ဖြစ်ပါသလဲရှင့်။
ဖြေ ။ ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ တစ်ဖက်တစ်လမ်းက အကူညီပေးရတဲ့အတွက် ဝမ်းသာပါတယ်။
မေး ။ ။ နောက်တစ်ခုက မနေ့ကလည်းပေါ့နော် စစ်ကောင်စီကနေ ရခိုင်ပြည်နယ်မှာရှိတဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ အပေါ်မှာ ထိန်းချုပ်မှုတွေ လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်တာရှိတယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီး အခြေအနေလေးကို လည်း ပြောပြပေးပါအုံး။
ဖြေ ။ ။ အဲဒါကကျတော့ တစ်ဖက်တစ်လမ်းကနေ ကူညီမယ်ပေါ့နော်။ဥပမာ ကျနော်တို့ဆိုရင် အသင်းကျတော့ ကျောက်တော်မှာ ဘယ်နှစ်လုံး အောက်ဆီဂျင် လိုတယ်၊ စစ်တွေမှာ ဘယ်နှစ်လုံးလိုတယ် မသိဘူးပေါ့နော်။ ဒီအတိုင်းအတာ ကြောင့် သတင်းတွေ၊ ဘာတွေ ယူရတယ်ပေါ့နော်။ ကျောက်တော်ကို ပေးလိုက်မယ်ဆိုရင် ကျောက်တော်မှာက လူနာက သိပ် မရှိဘူး။ စစ်တွေမှာက လူနာ ၁၀၀၊ ၂၀၀၊ ၃၀၀ ရှိတယ်ပေါ့။ ဒီလိုမျိုး အဓိကကျတဲ့ ဆီကို သွားတယ်ပေါ့။ မလိုအပ်ပဲနဲ့ တခြား နေရာကို မသွားချင်ဘူးပေါ့။ ဒီလိုအတိုင်းအတာ တစ်ခုပါ။ ထိန်းချုပ်တယ် ဘာတယ်တော့ မဟုတ်ဘူးပေါ့။
မေး ။ ။ အခုလို မြောက်ဦးမှာ အောက်ဆီဂျင်စက်ရုံ တည်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားခဲ့ရပါသလဲ။
ဖြေ ။ ။ အောက်ဆီဂျင် သွင်းဖို့က နည်းစနစ်တွေ ရှိတယ်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားနေတာဆိုတော့ ရန်ကုန် ချိတ်ဆက်မှု ရှိတယ်။ ဒီစက်ရုံကြီး တည်ထောင်ဖို့အတွက် မြောက်ဦးဆရာတော်ကြီးရဲ့ ပံ့ပိုးကူညီမှုကြောင့်ပေါ့။ သုံးလ လောက်တော့ ဒီအခြေအနေဖြစ်ဖို့ ကြိုးစားခဲ့ရပါတယ်။ အခုကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေသွားပါပြီ။
မေး ။ ။ ရခိုင်မှာ ကိုဗစ်ဖြစ်ပွားမှု အခြေအနေကရော လက်ရှိမှာ ဘယ်လိုမျိုး ရှိပါသလဲရှင့်။
ဖြေ ။ ။ အခုကတော့ ကိုဗစ်ပိုးတွေ့လူနာ ၄၈ ဦး ရှိပါတယ်။ သေဆုံးသူကတော့ ၃ ယောက်ပါ။
မေး ။ ။ ဘာများဖြည့်စွက် ပြောကြားချင်ပါသေးလဲရှင့်။
ဖြေ ။ ။ ကျနော်တို့ နန်းရိပ်ကရုဏာအောက်ဆီဂျင်အဖွဲ့အနေနဲ့ ပြည်သူတွေကို တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။
#ဉီးသန်းထွန်း
# နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့
#ရခိုင်ပြည်နယ်
#မြန်မာ
#အောက်ဆီဂျင်စက်ရုံတည်ဆောက်
#အခမဲ့ကူညီမည်
#ကိုဗစ်၁၉ #ကျန်းမာရေး #
CNImyanmar
#cninews