သို့ သော်လည်း ယခုကိုဗစ်-၁၉ တတိယလှိုင်းတွင် မြန်မာပြည်မှာ အောက်ဆီဂျင် အိုးများ ရောင်းဝယ်ယူနိုင်ရေးနှင့် Gas ဖြည့်နိုင်ရေး အခက်အခဲများရှိနေသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးနေသည့် စေတနာရှင် ပရဟိတအသင်းမှ အတွင်းရေးမှူး ကိုဝေဖြိုးအောင်အား CNI သတင်းဌာနမှ ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ လက်ရှိမှာ အောက်ဆီဂျင် Gas ဖြည့်တာနဲ့ပတ်သက်ပြီး ဘယ်လို ကြုံတွေ့နေရလဲ။
ဖြေ ။ ။ အောက်ဆီဂျင်ပြဿနာက ရန်ကုန်မြို့မှာ တော်တော်လေးကို အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ အခု အောက်ဆီဂျင်က ဘယ်လိုဖြစ်လဲဆို တော့ စက်ရုံတွေက အောက်ဆီဂျင်ကို ပရဟိတအသင်းတွေကို အိုးကြီးတွေကို gas မထည့်ပေး ဘူး။ အိုးအသေးတွေပဲ ထည့်ပေးတယ်။ အိုးသေးတွေမရှိတဲ့ အသင်း တွေကျတော့ ဆေးရုံကနေယူပြီး သုံးရတဲ့ အသင်းတွေ ကျတော့ လူနာ တွေကို အောက်ဆီဂျင် ငှားရမ်းပေးဖို့အတွက်က တော်တော်လေးကို အခက်အခဲ နဲ့ ရင်ဆိုင်နေရတယ်။

မေး ။ ။ အခုလိုမျိုး ရန်ကုန်မှာ အောက်ဆီဂျင် Gas ဖြည့်တဲ့အခါ အခက် အခဲတွေ ဖြစ်လာတာ အချိန်ကာလ ဘယ်လောက် ရှိပြီလဲ။
ဖြေ ။ ။ ၅ ရက်လောက်ရှိပြီ။

မေး ။ ။ ဘာကြောင့် အခုလိုမျိုး အောက်ဆီဂျင် Gas ဖြည့်တာမှာ အခက် အခဲတွေ ရှိသွားတာလို့ အစ်ကို့အနေနဲ့ ထင်သလဲ။
ဖြေ ။ ။ အမှန်က စက်ရုံတွေက ပုံမှန်လည်ပတ်နေကြအတိုင်း ဖြည့်ပေး မယ်ဆိုရင်တော့ အဆင်ပြေတယ်။ အခုက အောက်ဆီဂျင် အိုးတွေပေါ့နော် အဝယ်လိုက်တာများလာတယ်။ လူတွေက အောက်ဆီဂျင်အိုးတွေကို အတင်း လိုက်ဝယ် ကြတယ်။ နောက် လုပ်ငန်းရှင်တွေကလည်း အောက်ဆီဂျင်အိုးတွေ ကို စီးပွားရေးလုပ်ငန်းရှင် တော်တော်များများက အောက်ဆီဂျင်အိုးတွေကို ဝယ်ပြီးတော့ ပြန်ရောင်းစားကြတယ်။ အဲလိုလုပ်လာတဲ့အခါကျတော့ စက်ရုံ တွေကလည်း လောဘဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ ဒီပရဟိတအသင်းအဖွဲ့တွေ အများကို အကူညီပေးနေတဲ့ အသင်းအဖွဲ့တွေ အောက်ဆီဂျင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို Gas မဖြည့် ပေးတော့ဘဲ လာဝယ်တဲ့ လူတွေအတွက်ကိုပဲ ဦးစားပေးပြီး Gas ဖြည့်ပေး တော့တယ်။

မေး ။ ။ အောက်ဆီဂျင် Gas ဖြည့်တဲ့အခါမှာ အခုလို အခက်အခဲတွေ ပြဿနာတွေ ကြုံနေရတာ ဘာကြောင့်လဲ။
ဖြေ ။ ။ စက်ရုံတွေက အောက်ဆီဂျင်အိုးတွေကို သူတို့က Gas ဖြည့်ပြီး တော့ ပြန်ရောင်းစားဖို့အတွက်ပဲ အဓိက ထားပြီးတော့ ဖြည့်ပေးတာ။ ပြန် ရောင်းစားတယ်ဆိုတာ တစ်အိုးကို သုံးသိန်း၊ လေးသိန်းပေးရတယ်။ တစ်အိုးကို သုံးသိန်း၊ လေးသိန်း ပေးပြီးတော့ ကုန်သည်တွေ စီးပွားရေးသမားတွေ တတ်နိုင် တဲ့ သူတွေက တစ်ခါလာဝယ်ရင် အိုး ၂၀၊ အိုး ၃၀ အဲလို စက်ရုံတွေမှာ လာလာ ဝယ်ကြတယ်။ ဝယ်ကြတော့ လာဝယ်တဲ့ သူတွေကိုပဲ Gas ဖြည့်ပေးပြီးတော့ ပရဟိတအသင်း တွေကျ လုံလောက်တဲ့ ပမာဏ မဖြည့်ပေးဘူး။

မေး ။ ။ Gas သွားဖြည့်တဲ့အခါမှာရော ဘယ်လောက်လောက်ကြာလဲ။
ဖြေ ။ ။ အိုးအသေးသွားဖြည့်ရင် တခါတလေ မနက် ၉ နာရီခွဲက သွားတာ တောင် နေ့လည် ၂ နာရီခွဲမှ ရတယ်။ အဲ့ဒါ တောင် အိုးအသေးဖြည့်တာ။ အိုးအ ကြီးတွေဆို လုံးဝမဖြည့်ပေးဘူး။

မေး ။ ။ အတည်ပြုလူနာတွေကို ဆေးရုံတွေ စင်တာတွေကို ပို့ဆောင်တဲ့ အခါမှာ အောက်ဆီဂျင်လိုအပ်တဲ့ လူနာ တစ်ရက်ကို ဘယ်လောက် လောက် ရှိလဲ။
ဖြေ ။ ။ လက်ရှိ လူနာတိုင်းလိုလို အောက်ဆီဂျင်ပေးရတယ်။ အခုဖြစ်လာ တဲ့ ရောဂါအနေထားအရ အသက်ရှူကြပ် တယ်။ အောက်ဆီဂျင်ကျတဲ့လူနာက ၁၀ ဦးမှာ ၉ ဦးလောက်က ဖြစ်တယ်။ ပို့ပေးရတဲ့လူနာတိုင်းက အောက်ဆီဂျင် လို အပ်တဲ့ လူနာတွေချည်းပဲ။

မေး ။ ။ ပထမလှိုင်း၊ ဒုတိယလှိုင်းနဲ့ အခုတတိယလှိုင်းမှာ ဘယ်ဟာက ပိုဆိုးရွားလဲ။
ဖြေ ။ ။ တတိယလှိုင်းရဲ့ Wave ကတော့ ပိုပြီးတော့ ပြင်းထန်တယ်။ ပြင်းထန်တယ်ဆိုတာက ပထမလှိုင်း၊ ဒုတိယလှိုင်း မှာက အောက်ဆီဂျင်ကျတဲ့ ပြဿနာသိပ်မရှိဘူး။ အခု တတိယလှိုင်းမှာ ဖြစ်တာကျတော့ အောက်ဆီဂျင် ကျတဲ့ ပြဿနာ ဖြစ်လာတယ်။ အဓိက main က အဲ့ဒါဖြစ်နေတယ်။ အသက်ရှူ ကြပ်တယ်။ အောက်ဆီဂျင်ကျတယ်။

မေး ။ ။ လက်ရှိဖြစ်နေတဲ့ အောက်ဆီဂျင် ပြဿနာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးသင့်တယ်လို့ ထင်လဲ။
ဖြေ ။ ။ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံ ဆေးခန်း တွေက လက်ခံမှုအပိုင်းကို လူနာတွေကို လက်မခံပေး နိုင်ဘူးဆိုရင် အိမ်မှာနေ တဲ့ လူနာတွေကိုအောက်ဆီဂျင်ကို လုံလုံလောက်လောက်ရစေဖို့အတွက် အောက်ဆီဂျင် စက်ရုံတွေကို ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးစေချင်တယ်။ နောက် လာဖြည့်တဲ့ အိုးကြီး အိုးသေးပေါ့၊ အခုကတော့ အိုးသေးပဲဖြည့်ပေးတယ် အိုးအကြီးမဖြည့်ပေးဘူး။ နောက်ပရဟိတအသင်းတွေ လာဖြည့်တဲ့အခါမှာလည်း အရင်ကလိုပဲ လွယ် လွယ်ကူကူနဲ့ ပြန်ဆောင်ရွက်ပေးစေချင်တယ်။ အဲ့ဒါကို ကျန်းမာရေးဝန်ကြီးဌာန က ကြပ်မတ်စေချင်တယ် စက်မှုဇုန်ဥက္ကဌတွေနဲ့ ပူးပေါင်းပြီးတော့ပေါ့နော်။