ဒါကြောင့်လည်း မြန်မာကုန်သည်တွေအနေနဲ့ မူဆယ်-တရုတ် နယ်စပ် ကုန် သွယ်ရေးကို ပို့ဆောင်နေတဲ့ လမ်းကြောင်း အခြေ အနေ၊ ဈေးကွက် အခြေ အနေ၊ သယ်ယူပို့ဆောင်ရေးစရိတ် အခြေအနေ စတာတွေနဲ့ပတ်သက်ပြီး CNI သတင်းဌာနက မူဆယ် နယ်စပ်၊ ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး ။ ။ လက်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးအခြေအနေ ဘယ်လိုရှိပါ သလဲ။
ဖြေ ။ ။ လက်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးက တော်တော်လေး ကျဆင်းနေတယ်လို့ ပြောရမယ်။ တရုတ်နိုင်ငံက ကိုဗစ်ကို အကြောင်းပြု ပြီးတော့ ကျနော်တို့ မြန်မာကနေ တရုတ်ကို ကုန်ပစ္စည်းတင်ပို့တဲ့ ဂိတ်ပေါက် ၅ ပေါက်ရှိတဲ့ အထဲက လက်ရှိမှာတော့ တစ်ပေါက်ကိုပဲ ဖွင့်ပေးတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ များနေတယ်။ ဒီရောဂါပိုး တွေ သူတို့ တရုတ်ပြည်ထဲကို ဝင်ရောက်ပြန့်နှံသွားမှာ ဖြစ်တဲ့အတွက် ဂိတ်တွေ ကို ပိတ်ထားပြီးတော့ ဒီကနေ့ လက်ရှိမှာ ကျင်စန်းကျော့-ဝမ်တိန်ဂိတ် တစ်ဂိတ် ကိုပဲ ဖွင့်ပေးထားတယ်။ ကုန်စည်နဲ့ ကားတွေပဲ သွားလို့ရတယ်၊ လူသွားလို့ မရ ဘူး။ ကုန်စည်ကားတွေတောင်မှ အစားထိုးယာဉ်မောင်းစနစ်နဲ့ပဲ သွားလို့ရတယ်။ ကိုယ့်ကားကို ကိုယ်မောင်းသွားလို့ မရဘူး။ ဂိတ်ပေါက် တစ်ပေါက်ထဲကိုပဲ ဖွင့်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ တအား ကြန့်ကြာမှုတွေ ဖြစ်တယ်။ အရင်တုန်းက ဆိုရင် ဝမ်တိန်ဂိတ်၊ ပန့်ဆိုင်း-ဝမ်တိန်ဂိတ်၊ ကျင်စန်းကျော့-ဝမ်တိန်ဂိတ်၊ မန့်ဝိန်းပေါက်ကို ဖွင့်ပေးတယ်။ နန်တော်ဂိတ်ကို ဖွင့် ပေးတယ်။ မန့်ဝိန်းဂိတ်က အရင်ကဆိုရင် ကားအစီး ၈၀၀ လောက် နှစ်ဖက်ကုန်သွယ်မှု အဝင်/အထွက် ရှိတာ။ အခု အဲဒီဂိတ် အကြီးကြီး ကို ပိတ်လိုက်တယ်။ အဲဒီတော့ ကျနော်တို့က ကျင်စန်းကျော့- ဝမ်တိန်ဂိတ် ကနေ သွားနေရတယ်။ ဂိတ် (၁)ဂိတ်ကို ပဲ အားကိုးပြီးဝင်နေရတဲ့ ကားတွေက စုပြုံပြီး ဝင်သွားတယ်။ ဆန်တို့၊ စကွဲတို့ ငရုတ်သီး၊ ကြက်သွန်ကား၊ အသီးအနှံ ကားတွေ ၊ ပဲမျိုးစုံကားတွေက ဒီဂိတ်ပေါက် တစ်ခုထဲကိုပဲ သွားနေရတယ်။ အမှန်က ကျင်စန်းကျော့- ဝမ်တိန် ဂိတ်ဆိုတာက အရင်က သီးနှံကားတစ်ခုသာ သွားတဲ့ ဂိတ်ဖြစ်တယ်။ အခုက ကားတွေ အကုန်သွားရတဲ့အတွက် ကြန့်ကြာမှု ရှိတယ်။ ဘယ်လောက် ကြန့်ကြာလဲဆိုရင် ၁၀၅ မိုင်၊ ကျင်စန်းကျော့ ကနေ တရုတ်ပြည် ဝမ်တိန်ဂိတ်ထဲ ကို ဝင်မယ်ဆိုရင် အရင်ဂိတ် (၅)ဂိတ်ဖွင့်တုန်းက တစ်ရက်ခရီး တောင်မရှိဘူး။ အခုဆိုရင် စုပြုံပြီးသွားရတဲ့အတွက် တရုတ်ပြည်ထဲကို ရောက်ဖို့ တစ်လကြာ တယ်။ ဒီအတွက်ကြောင့် ကုန်စည်စီးဆင်းမှုက ပြီးခဲ့တဲ့နှစ် ဇွန်လိူင်လ နှစ်တို ကာလနဲ့ တွက်ရင် ၆၀ ရာခိုင်နှုန်းလောက် ကုန်စည်စီးဆင်းမှုက ကျသွားတာကို တွေ့ရှိရပါတယ်။

မေး ။ ။ အခုလို ကုန်စည်စီးဆင်းမှုတွေ ၆၀ ရာခိုင်နှုန်းလောက် ကျသွား တာက ဘယ်လို အချက်တွေကြောင့်လဲ။ အခုက ကိုဗစ်လူနာတိုးလာလို့ပဲလား ဒါမှမဟုတ် ဘယ်လို အခြေအနေမျိုးကြောင့် ဆရာတို့ကို ဂိတ်ပေါက် တစ်ခုပဲ ဖွင့်ပေးတာလဲ။
ဖြေ ။ ။ ဒီလိုဗျ။ မတ်လ ၂၉ ရက်မှာ ဂျယ်ဂေါင်နဲ့ ရွှေလီမှာ မြန်မာနိုင်ငံ သား (၃)ဦးကို ဆေးစစ်တဲ့အခါ ကိုဗစ်ရောဂါ သွားတွေ့တယ်။ အဲဒီအချိန်က စ ပြီးတော့ သူတို့က မြန်မာနိုင်ငံသားတွေက တရုတ်ပြည်ထဲကို ကိုဗစ်-၁၉ ရောဂါ ပိုးတွေ သယ်ဆောင်တယ် ဆိုပြီးတော့ တရုတ်အစိုးရက ဂိတ်တွေကို ပိတ်ပါဆို ပြီး ညွှန်ကြားလိုက်တယ်။ ဒါကြောင့် (၁)ရက်နေ့က စပြီး ကုန်စည်ကားတွေ ဝင် တဲ့ ဂိတ်ကို ပိတ်လိုက်တယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ဧပြီလ(၁)ရက်နေ့ကစတော့ လူအဝင်/အထွက် ပိတ်တာ အခုကျတော့ မန့်ဝိန်းဂိတ်က သွားနေတဲ့ ကုန်စည် ကား အားလုံးကို လုံးဝပိတ် လိုက်တယ်။ ဒီဂိတ်က အင်မတန်မှ ကုန်စည်ကား တွေ အဝင်/အထွက်များတဲ့ ဂိတ်ဖြစ်တယ်။ တစ်နေ့ကို ကုန်ကား အသွားအစီးရေ ၄၀၀ နဲ့ အပြန် ၄၀၀ ရှိ တယ်။ အဝင်/အထွက်ကို တစ်ရက် ကုန်ကားအစီးရေ ၈၀၀ လောက်ရှိတယ်။ ဒီဂိတ်ကို ပိတ်ပြီး အခုက ကျင်စန်းကျော့-ဝမ်တိန်ကပဲ သွားရတဲ့အတွက်ကြောင့် ကြန့်ကြာမှုတွေ ဖြစ်သွားတာပါ။

မေး ။ ။ လက်ရှိမှာ ကုန်စည်စီးဆင်းမှုတွေက ကျဆင်းသလို ကုန်ကား ပိတ်တာတွေကလည်း ရှိနေတဲ့အတွက် ပုပ်သိုး လွယ်တဲ့ ကုန်ပစ္စည်းတွေ ရှိနေ တယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိ အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ဖရဲသီးအချိန်တုန်းက အသီးအနှံလိုင်းတွေက လိုင်း တစ်လိုင်း ပေးထားတယ်။ တစ်လလောက်တော့မကြာဘူး။ ဆိုပါတော့ တစ်ပတ်လောက် တော့ ကြာတယ်။ အခုချိန်မှာကျတော့ သူ့အချိန် မဟုတ်တော့ဘူး။ သရက်သီး ကားလည်း တော် တော် နည်းနေပြီ။ အရင်တုန်းကဆိုရင် ကြာတော့ (၇) ရက်၊ (၈) ရက်ကြာပြီးမှ တရုတ်ပြည် ဝမ်တိန်ထဲရောက်ရင် သရက်သီး ကားတွေက စွန့်ပစ်ရတာ ရှိတယ်။ ဒါပေမယ့် အခုကတော့ သရက်သီးကားလည်း နည်းသွား ပြီ။ ဇူလိူင်လထဲ ရောက်နေပြီဆို တော့ စွန့်ပစ်ရတာ၊ လွှင့်ပစ်ရတာ တော်တော် နည်းသွားပြီ။ တရုတ်ပြည်က အခုလိုပိတ်ထားတော့ ဘယ်ဂိတ်ပေါက်က ထွက်သွားလဲဆိုတာ ပြောရမယ်ဆိုရင် မန္တလေး-မူဆယ်(၁၀၅ မိုင်)- ကျင်စန်းကျော့ ကားထွက်တဲ့ အစား အခုဆန်တို့၊ ဆန်ကွဲတို့၊ ပဲမျိုးစုံတို့က ဘယ်ကသွားဆိုတော့ မန္တလေး ကနေ ဗန်းမော်ကို သင်္ဘောနဲ့ သွားတယ်။ ဗန်းမော်ကနေပြီးတော့ ကချင်ပြည် နယ် လွယ်ဂျယ်ကို ကားနဲ့ သွားတယ်။ ဗန်းမော်နဲ့ လွယ်ဂျယ်က ကားနဲ့ ဆိုရင် ၅၉ မိုင်ဝေးတယ်။ လွယ်ဂျယ်နဲ့ တရုတ်ပြည်က လိုင်းရင်းမြို့ဆိုတာ ရှိတယ်။ ခြံစည်းရိုးပဲ ခြားတယ်။ ဒီအပေါက်ကနေတော့ သွားနေတာရှိတယ်။ ဘယ်လောက်ထိတောင် သွားလည်း ဆိုရင် ဆန်၊ဆန်ကွဲ၊ ပဲမျိုးစုံတို့က တစ်ရက် ကို အိတ်ရေ နှစ်သောင်းကျော် (၂၀၀၀၀) လောက် နေ့စဉ် ဝင်နေတာတွေ့တယ်။ အဲဒီအပေါက်ကတော့ အရမ်းမြန်တယ်။ မန္တလေးကနေ ဗန်းမော်ကို သင်္ဘော တင်ရင် အများဆုံး (၅)ရက်ပဲ ဗန်းမော်ကနေ ပြီးတော့ လွယ်ဂျယ်ကို သွားရင် (၁)ရက်ပဲ၊ လွယ်ဂျယ်မှာ တန်းစီတာ ဘာညာနဲ့ဆို အများ ဆုံး (၉)ရက်၊ (၁၀)ရက် ဆို တရုတ်ပြည် ရောက်ပြီ။ အခုကတော့ ဒီဂိတ်ပေါက်နေ ဦးစားပေးပြီး သွားနေ တယ်။ ကုန်စည် စီးဆင်းမှုလည်း တော်တော်လေး သွက်သွက်လက်လက် ရှိ တယ်။ ဒါကြောင့် မန္တလေး-ဗန်းမော်-လွယ်ဂျယ်လမ်းက ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ အိတ်ရေ ၂၀၀၀၀(နှစ်သောင်း)ကျော်လောက် သွားနေတာ တွေ့ရှိရတယ်။

မေး ။ ။ ဒါဆိုရင် မူဆယ်နယ်စပ် ကုန်သွယ်ရေးက လမ်းကြောင်း ပြောင်းပြီး ကုန်သွယ်မှု ပြုလုပ်နေရတဲ့ သဘောလား။
ဖြေ ။ ။ မူဆယ်-တရုတ်နယ်စပ် ကုန်သွယ်ရေးက တအားကြပ်ထား တဲ့ အတွက် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း ကနေ တရုတ်ကုန်သွယ်ရေးကို အများဆုံး သွားနေရတယ်။ မူဆယ်- ဝမ်တိန်က သွားတာထက် ပိုမြန်တယ်။ ဒါကြောင့် စီးဆင်းမှုက ဗန်းမော်-လွယ်ဂျယ်က တရုတ်စီးဆင်းမှု ပိုများနေတယ်။

မေး ။ ။ အခုလို လမ်းကြောင်းပြောင်းတဲ့အတွက် ကုန်စည်သယ်ယူ ပို့ ဆောင်စရိတ် အခြေအနေကရော ဘယ်လိုမျိုး ရှိပါသလဲ။
ဖြေ ။ ။ အများကြီး သက်သာသွားတယ်။ မန္တလေးကနေ သွားမယ်ဆိုရင် လမ်းခရီးကြာတဲ့အတွက် ကားခ (၁) လစာ ပေးရမယ်။ ဗန်းမော်-လွယ်ဂျယ် လမ်းက သွားမယ်ဆိုရင် ၁၀ ရက်စာပဲ ပေးရမယ်။ ကားခ တစ်ဝက်စာလောက် သက်သာသွား တယ်။ သွားတဲ့ခရီးကလည်း သုံးပုံနှစ်ပုံလောက် သက်သာသွား တယ်။ ဒီအတွက် ကုန်သည်တွေက ဗန်းမော်လမ်းကနေ သွား ကြတယ်။

မေး ။ ။ ဈေးနူန်းအနေနဲ့ရော လက်ရှိမှာ တရုတ်ကို တင်ပို့တဲ့ အခြေ အနေက ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ဦးက ဆန်သမားဆိုတော့ ဆန်တို့ ဆန်ကွဲတို့ အကြောင်းပဲ ပြောမယ်ပေါ့။ ဈေးကိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရှင်းရှင်းပြောရရင် မြန်မာငွေတန်ဖိုးက ကျသွားတယ်။ တရုတ်ငွေ တန်ဖိုးက တက်လာတယ်။ ဒီအတွက် အိတ်စပို့ သမားတွေ ဆိုတာက တရုတ်ငွေပဲ ရတာကို၊ အဲဒီတော့ တွက်မယ်ဆိုရင် အများကြီးကိုက်တယ်။ ဆန်တစ်အိတ်ကို အရင်တုန်းက တရုတ်ငွေ (၅)ကျပ် မြန်မာငွေ ၁၂၀၀ ကျပ်လောက်ပဲ မြတ်တယ်ဆိုရင် အခုက တရုတ်ငွေ ၁၀ လောက်ဆိုရင်တော့ မြန်မာ ငွေ ၂၀၀၀(နှစ်ထောင်)ကျပ်လောက် မြတ်တာရှိတယ်။ ဒါကြောင့် ဘာပဲပြောပြော ဒီအချိန်မှာတော့ မြန်မာငွေ တန်ဖိုးကျပြီး တရုတ်ငွေတန်ဖိုး တက်တဲ့အတွက် ဆန်၊ ဆန်ကွဲ၊ ငရုတ်သီး၊ ပဲမျိုးစုံ တင်ပို့တဲ့သူတွေ အတွက်ကတော့ ထိုက်သင့်သလောက် ရှိသင့်သလောက် အကျိုးအမြတ်ရှိပါတယ်။

မေး ။ ။ အခု မေးတာတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသေးသလဲ။
ဖြေ ။ ။ ပြောချင်တာက ဖြစ်နိုင်မယ်ဆိုရင်ပေါ့၊ မူဆယ်-တရုတ် နယ်စပ်ကုန်သွယ်ရေးက အများဆုံးပဲ သွားတာဖြစ် တယ်။ ဒါပေမယ့် အခုလို ဂိတ်ပိတ်လိုက်၊ ဖွင့်လိုက်ဖြစ်တဲ့အတွက် မူဆယ်-တရုတ် နယ်စပ်ကုန်သွယ်ရေး က တော်တော်လေး ကျဆင်းသွားတယ်။ ဒါကြောင့် မူဆယ်-တရုတ် နယ်စပ် ကုန်သွယ်ရေးကို ပြန်လည်ပြီးတော့ တိုးတက်လာအောင် တရုတ်နိုင်ငံ အနေနဲ့ လက်ရှိပိတ်ထားတာကို ဖြေလျော့ပြီးတော့ ဖွင့်လှစ်ပေးမယ်ဆိုရင် နယ်စပ် တရုတ်ကုန်သွယ်ရေးက ယခင်လိုပဲ ကောင်းမွန် တိုးတက်လာမယ်လို့ သုံးသပ်မိပါတယ်။
#ဉီးမင်းသိန်း
#မူဆယ် နယ်စပ်၊ ဆန်စပါးကုန်စည်ဒိုင်
#မူဆယ်နယ်စပ်ကုန်သွယ်ရေး
#ကုန်စည်စီးဆင်းမှုကျဆင်း
#ကိုဗစ်-၁၉
#တရုတ်နိုင်ငံနယ်စပ်ပိတ်
#မြန်မာနိုင်ငံ-မူဆယ်နယ်စပ်ဂိတ်
#ကုန်သွယ်ရေးလမ်းကြောင်းပြောင်း
#အင်တာဗျူး