CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၆
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ် တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရာတွင် ကာကွယ် ဆေးထိုးနှံနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိနေသည်။ သို့သော် ကျန်းမာရေးဝန်ကြီးဌာနက ထိုးပေး သည့် ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများဖြစ်သည့်အတွက်ဟုဆိုကာ ပြည်သူ လူထုက ယုံကြည်မှု အားနည်းနေပြီး သံသယများ ဖြစ်နေကြသည်။
တခြား တစ်ဖက်မှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မြန်မာနိုင်ငံ၏ လူဦးရေ တစ်ဝက်လောက် ကိုဗစ် ကူးစက်ခံရနိုင်ကြောင်း ခန့်မှန်းလျက်ရှိကာ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ ပြင်ဆင် ကာကွယ်မှုများ ပြုလုပ်နေသလဲ မေးခွန်းထုတ်နေကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက မေးမြန်းထားပါသည်။
#ဒေါက်တာမြတ်ဝဏ္ဏစိုး
#ကျန်းမာရေးဝန်ကြီးဌာန
#ကိုဗစ်ကာကွယ်ဆေး
#Exclusiveinterview
#CNImyanmar
#cninews