CNI News

၂၀၂၁ ခုနှစ်၊သြဂုတ် ၁၃

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်ပေါ်နေပြီး ကျော်လွှားနိုင်မည့် နည်းလမ်းကို ရှာမတွေ့ဘဲ ဖြစ်နေ သည်။ အာဏာရယူထားသော အင်အားစုဘက်ကလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း၍ ရွေး ကောက်ပွဲ အသစ် ပြန်လည် ကျင်းပပေးမည်ဟု ကြေညာထားသည်။

အာဏာလက်လွတ်လိုက်ရပြီး ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းနေသော အင်အားစုများကလည်း ရွေးကောက်ပွဲ အသစ် ပြန်လုပ်မည်ကို လက်မခံနိုင်ကြောင်းနှင့် စစ်တပ် အင်အားစုကို အပြုတ်တိုက်မည်ဟု ကြေညာထားသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST)၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဒုဥက္ကဋ္ဌလည်းဖြစ်သူ ရဲဘော်မျိုးဝင်းကို CNI သတင်းဌာနမှ အယ်ဒီတာ တေဇာအောင်က ဆက်သွယ် မေးမြန်း ထားပါသည်။

#ရဲဘော်မျိုးဝင်း
#ရွေးကောက်ပွဲ
#လက်နက်ကိုင်တိုက်ပွဲ
#တပ်မတော်
#NUG
#ExclusiveInterview
#CNImyanmar
#cninews
#ChannelNewsIndependent
#နိုင်ငံရေးအကျပ်အတည်း
#မြန်မာ
#ဘယ်လိုကျော်လွှားမလဲ