CNI News

၂၀၂၁ ခုနှစ်၊သြဂုတ် ၆

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆောင်ရွက်နေကြသည်။ ထိုအခြေအနေတွင် အောက်ဆီဂျင်နှင့် ဆေး-ဆေးပစ္စည်းများ ပြတ်လပ်၍ ဈေးမြှင့် တက်မှုများဖြင့် ကြုံတွေ့နေကြရသည်။

အဆိုပါ အခြေအနေများကို ထိန်းချုပ် ဖြေရှင်းနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန က အောက်ဆီဂျင်များ ပြင်ပမှ တင်သွင်းနိုင်ရေး ခွင့်ပြုတောင်းခံစရာမလိုသည့် စနစ်ကို ဆောင်ရွက်ပေးထားသ လို ဆေးနှင့်ဆေးပစ္စည်းများကိုလည်း အလွယ်တကူ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးထားသည်။ သို့သော် ပြည်တွင်းမှာ ဈေးနှုန်းများ အဆမတန်မြှင့်တက်နေခြင်းကြောင့် ပြည်သူများ အခက်အခဲများ ကြုံတွေ့နေကြရ သည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ ဦးအောင်သွင်ဦးကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါ သည်။

#ဦးအောင်သွင်းဦး
#ဒုညွှန်ချုပ်
#စီးပွား/ကူးသန်း
#အောက်ဆီဂျင်
#ဆေး
#ဆေးပစ္စည်း
#ဈေးမြှင့်တက်မှု
#အရေးယူ
#ကျန်းမာရေး
#ကိုဗစ်၁၉
#ကုန်သွယ်ရေး
#Exclusiveinterview
#CNImyanmar
#cninews