CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၅
မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်နေရသည့်အတွက် လူမှုဘဝ ထိခိုက်မှုများ ဖြစ်လာခဲ့ပြီး အောက်ခြေလူတန်းစားများသည် စားဝတ်၊နေရေး အခက်အခဲများ ဖြစ်လာနေသည်။ အလားတူ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေကြသည့် ပရဟိတသမားများမှာလည်း သက်ဆိုင်ရာ ဌာန များ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်မှုများ ရရှိမှု အားနည်းသည့်အတွက် အခက်အခဲများ ဖြစ်နေကြသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်စင်တာများသည်လည်း လိုအပ်ချက်များဖြစ်နေပြီး ကိုဗစ်စင်တာ၌ လာရောက် ကုသနေသော လူနာများမှာ ထမင်းနှင့်ရေအား ကိုယ့်ဘာသာဝယ်ယူနေရသည့်အထိဖြစ်နေ သည်ဟု သတင်းများ ထွက်လာခဲ့သည်။
ထို့ကြောင့် အကူအညီ လိုအပ်နေသော အောက်ခြေလူတန်းစားများ ထောက်ပံ့ရေးနှင့် ကိုဗစ် လူနာများ ထောက်ပံ့ရေးအခြေအနေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် မည်သို့ ဆောင်ရွက်နေလဲ မေးခွန်းထုတ်လာကြသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်ကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက မေးမြန်းထားပါသည်။
#CNImyanmar
#cninews
#Exclusiveinterview
#uaungtunkhine
#ကိုဗစ်၁၉
#ကျန်းမာရေး
#လူကယ်ပြန်ဝန်ကြီးဌာန
#အောက်ခြေလူတန်းစား
#ပရဟိတ
#ထောက်ပံ့မှု