CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၃၁

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှု အားနည်းနေခြင်းနှင့်အတူ ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင် ကျော်ဖြတ်နေရသည်။ အဆိုပါ အခြေအနေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို ဖျက်သိမ်းကြောင်း ဇူလိုင် ၂၆ ရက်က ကြေညာခဲ့ခြင်းကြောင့် ၁၉၉၀ ရွေးကောက် သမိုင်းနောက်ကြောင်း ပြန်လည် ကြည့်လာခဲ့ကြသည်။

တစ်ဖက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို ထူထောင်ရန် ကြိုးပမ်းနေသည့်တိုင် မမြင်မတူ ကွဲပြားသော သဘောထားများရှိသူများကို ရန်သူသဖွယ်ပြုမှု ဆက်ဆံလာခြင်းကြောင့် လွတ်လပ်စွာ သဘော ထားကွဲလွဲခွင့်နှင့်ထုတ်ဖော်ပြောဆိုခွင့်ဆိုသော ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်သည် တဖြေးဖြေး မှေးမိန်း လာကာ မြန်မာ့လူအဖွဲ့အစည်းအတွင်း အမျိုးသားရင်ကြားစေ့ရေးနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးက အဟန့် အတားဖြစ်လာခဲ့သည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်အာဏာသိမ်းမှုတွင် ကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် တက်တက်ကြွကြွပါဝင်ကာ စစ်တပ်အာဏာသိမ်းမှုကို တွန်းလှန်ရင် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတောင်းဆို တိုက်ပွဲဝင်ခဲ့သူလည်းဖြစ် လက်ရှိ ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးကိုကိုကြီးကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။


#ဦးကိုကိုကြီး
#ပြည်သူ့ပါတီ
#PP
#ExclusiveInterview
#အင်တာဗျူး
#နိုင်ငံရေး
#ရွေးကောက်ပွဲ
#ကျန်းမာရေး
#ကိုဗစ်၁၉
#လူမှုစီးပွား
#ဒီမိုကရေစီ
#CNImyanmar
#cninews